SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိမိအသင်းမှာ ခံစစ်အသင်းဟု ဂျာဂန်ကလော့ ဖွင့်ဟ

Wednesday, 27 December 2017 12:13 font size decrease font size decrease font size increase font size increase font size

လီဗာပူး  ဒီဇင်ဘာ  ၂၆

လီဗာပူးနည်းပြ ဂျာဂန်ကလော့ က မိမိအသင်းသည် ခံစစ်အားပြု ကစားသောအသင်းဖြစ်သည်ဟု အံ့အားသင့်ဖွယ်စကား  ဖွင့်ဟသည်။  လီဗာပူးအသင်းသည်    ဂျာဂန် ကလော့လက်ထက်တွင်  တိုက်စစ် ကို အထူးအားပြုကာ ကစားနိုင်ပြီး ဖာမင်နို၊    မိုဟာမက်ဆာလက်ခ်ျ၊ ကော်တင်ဟိုနှင့် ဆာဒီယိုမာနေးတို့ ဂိုးများစွာ သွင်းယူနေနိုင်ခြင်းကြောင့် ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ဂိုး ၇ဝ အထိသွင်းထားနိုင်ကာ  ၇၇ ဂိုးသွင်းထားနိုင်သော မန်စီးတီးပြီး လျှင်  ဂိုးအများဆုံးသွင်းထားနိုင် သည့် အသင်းဖြစ်နေသည်။

ကလော့က   ''ကျွန်တော်တို့ အသင်းက  ခံစစ်အားပြုကစားတဲ့ အသင်းပါ။   အာဆင်နယ်နဲ့ပွဲမှာ ခံစစ်အထိုင်ဖြစ်တဲ့  ၄-၅-၁ ကစား ကွက်နဲ့ ကစားခဲ့တယ်။  အားလုံးမှာ ခံစစ်လိုက်ကစားဖို့ တာဝန်ရှိတယ်။  ကွင်းထဲမှာ ခံစစ်ကို လိုက်ကစားဖို့ မလိုတဲ့ ကစားသမားတစ်ယောက်မှ မပါဘူး။ အာဆင်နယ်ဘက်ကို  ဂိုး တွေပေးလိုက်ရတာက ခံစစ်ကစားပုံ မကောင်းလို့မဟုတ်ဘူး။ ဖြတ်တင် ဘောတွေ ပေးမိလို့ သရေပွဲဖြစ်ခဲ့တာ ပါ''ဟု ဖွင့်ဟပြောသည်။

Ref:BBC

Read 346 times Last modified on Wednesday, 27 December 2017 12:24