SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သတ်သေရန်အထိကြိုးစားခဲ့သော အီဘိုယေးကို ဂါလာတာဆာရေး အလုပ်ပေး

Wednesday, 27 December 2017 12:24 font size decrease font size decrease font size increase font size increase font size

အစ္စတန်ဘူလ်  ဒီဇင်ဘာ  ၂၆

အာဆင်နယ်နှင့် အိုင်ဗရီကို့စ်လက် ရွေးစင်ကစားသမားဟောင်း အီဘို ယေးသည် စီမံခန့်ခွဲမှုအမှားများ နှင့် အိမ်ထောင်ကွာရှင်းမှုတို့ကြောင့် သားသမီးသုံးဦးနှင့် တွေ့ခွင့်မရတော့သလို ပိုင်ဆိုင် သမျှ စည်းစိမ်ဥစ္စာအားလုံး ဆုံးရှုံးခဲ့ရပြီး နေစရာအိမ်ပင် မရှိတော့သည့် အနေအထား ကြောင့် မိမိကိုယ်ကိုသတ်သေရန် ကြိုးစားခဲ့သည်ဟု  မကြာသေးမီက ဖွင့်ဟခဲ့ရာ ၄င်းကစားခဲ့သည့် အသင်း ဟောင်း   ဂါလာတာဆာရေးက အသင်း  အကယ်ဒမီနည်းပြအဖြစ် လာရောက်လုပ်ကိုင်ရန် အလုပ်ပေး ခဲ့ကြောင်း သိရသည်။

အီဘိုယေးသည် ယခင်အတိုင်ပင်ခံနှင့် ငွေ ကြေးပိုင်းဆိုင်ရာ   ပြဿနာဖြစ်ခဲ့၍ ဘောလုံးကစားခွင့်လည်း တစ်နှစ် ပိတ်ပင်ခံထားရသူဖြစ်သည်။

အသက် ၃၄  နှစ်ရှိပြီဖြစ် သော အီဘိုယေးသည် စိတ်ကျ ဝေဒနာပါခံစားခဲ့ရပြီး နေစရာ မရှိ၍     သူငယ်ချင်းအိမ်၌ သွားနေကာ  ကြမ်းပြင်တွင် အိပ်ရကြောင်း   ဖွင့်ဟသဖြင့် ဂါလာတာဆာရေး   အသင်းအလုပ်အကိုင်ပေးရန် ကမ်း လှမ်း ခဲ့ခြင်းဖြစ်သည်။         

Ref: Dailymail

Read 342 times Last modified on Wednesday, 27 December 2017 12:29