SJ WorldNews - шаблон joomla Авто

အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများ၏ အားကစား ပြိုင်ပွဲဖွင့်ပွဲနှင့် ပြိုင်ပွဲများ စတင်ကျင်းပ

Thursday, 28 December 2017 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဒီဇင်ဘာ    ၂၇

အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး)ကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း၏ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အမျိုးသမီး မီတာ ၅ဝဝဝ ပြိုင်ပွဲတွင် ထားသဉ္ဇာအေးက ၁၉ မိနစ် ၂ဝ ဒသမ ၂၉ စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အမျိုးသား မီတာ ၅ဝဝဝ ပြိုင်ပွဲတွင် မိုင်းကျော်ထွန်းက  ၁၆ မိနစ် ၂၈ ဒသမ ၉၈ စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည်။

ထို့နောက် ဘောလုံးပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊ ဂျုဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ စက်ဘီးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ကရာတေးဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊  ဖူဆယ်ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ စားပွဲ တင်တင်းနစ်ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊ လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)များကို သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားကြသည်။

ယင်းနောက် ပြေးခုန်ပစ်၊ ဖူဆယ်၊ ကရာ တေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒိုပြိုင်ပွဲများတွင် ဆုရ ရှိသော အားကစားသမားများအား တာဝန်ရှိသူများက ဆုများပေးအပ်သည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ နေ့စဉ်နံနက် ၇ နာရီခွဲမှစတင်ပြီး သက်ဆိုင်ရာ အားကစား ကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် အား ကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများမှ အားကစားသမား စုစုပေါင်း ၂ဝဝဝ ခန့်တို့သည် အားကစားနည်း ၂၁ နည်းတွင် အသီးသီးဝင် ရောက်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

Read 331 times Last modified on Thursday, 28 December 2017 08:36