SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆောက်သမ်းမြန်မာနှင့် ခြေစမ်းပွဲတွင် ရှမ်းယူနိုက်တက် အသင်း ရှုံးပွဲကြုံ

Thursday, 28 December 2017 09:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၇

၂ဝ၁၇ မြန်မာ အမှတ်ပေး ရှမ်းယူနိုက်တက် အသင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စလင်းအားကစားကွင်း၌ ဆောက်သမ်းမြန်မာ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်မှာ ခြေစမ်းပွဲဖြစ်သော်လည်း ကစားသမားသစ်များ၏ ခြေစွမ်းစမ်းသပ်မှု များနှင့်အတူ ခြေစွမ်းပြကစားကာ အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းတွင် တိုက်စစ်မှူး အာချာ၊ ကွင်းလယကစားသမား လီဟန်ကွတ်တို့ အပါအဝင် အဓိကကစားသမား အများအပြား ပါဝင်ခဲ့သော်လည်း တိုက်စစ်မှူးခရစ္စတိုဖာ မပါဝင်ခဲ့ပေ။ ဆောက်သမ်းမြန်မာ အသင်းတွင် ခြေစွမ်းစမ်းသပ်ဆဲဟု သိရသည့် ပြည်ပကစား သမားများ ပါဝင်ခဲ့သည်။

ဆောက်သမ်းမြန်မာ အသင်းက ပွဲချိန် ၁၁ မိနစ်မှာပင် အဖွင့်ဂိုး ရရှိကာ ပွဲကို ဦးဆောင်ခဲ့ပြီး အနိုင်ဂိုးများကို ၁၁ မိနစ်တွင် ဒီမစ်ထရီ၊ ၅၅ မိနစ်တွင် ရဲထက်အောင်၊ ၇၆ မိနစ်တွင် သက်ပိုင်စိုးနှင့် မိနစ် ၈ဝ တွင် သန်းဇော်မျိုး၊ ပယ်နယ်တီသွင်းဂိုးနှင့် ရှမ်းယူနိုက်တက် အသင်းအတွက် ဂိုးများကို ၂၆ မိနစ်တွင် နေလင်းထွန်း ပယ်နယ်တီ သွင်းဂိုးနှင့် ၈၉ မိနစ်တွင် ရွှေကိုတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ရာသီအကြို ခြေစမ်းပွဲ များအဖြစ် ရှမ်းယူနိုက်တက် အသင်းသည် လေးပွဲကစား ထားပြီး နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ရရှိထားသည်။ အလားတူ ဆောက်သမ်းမြန်မာ အသင်းမှာ ခြေစမ်းပွဲသုံးပွဲ ကစားထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ် ရရှိထားကြောင်း သိရသည်။

တီတီ

Read 332 times Last modified on Thursday, 28 December 2017 09:49