SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း အာဆီယံ အမျိုးသမီး ပြိုင်ပွဲနှင့် အာရှအားကစား ပြိုင်ပွဲအတွက် စတင်လေ့ကျင့်ရန် စီစဉ်

Thursday, 28 December 2017 09:49 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန် ဒီဇင်ဘာ ၂၇

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂ဝ၁၈ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှအားကစား ပြိုင်ပွဲအတွက် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင် လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသမီး အသင်းအတွက် ခန့်အပ်မည့် ဂျပန်နည်းပြသည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ၄င်းရောက်ရှိ လာပါက လေ့ကျင့်မှု အစီအစဉ်များကို အသေးစိတ် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)သည် မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်အပ်မည့် နည်းပြချုပ် ရောက်ရှိ လာပါက ကျင်းပလျက်ရှိသည့် အမျိုးသမီး လိဂ်ပြိုင်ပွဲအား ကြည့်ရှုကာ ကစားသမားများ ရွေးချယ်စေမည် ဖြစ်သည်။ MFF သည် ယခင်လက်ရွေးစင် ကစားသမားများအပြင် လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစား သမားများ ကိုလည်း နည်းပြသစ် စိတ်ကြိုက် ရွေးချယ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီး အသင်းသည် လာမည့်နှစ်တွင် အဓိကနိုင်ငံတကာ ပြိုင်ပွဲနှစ်ခု ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အာရှအားကစား ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်အထိ ၂ဝ၁၈ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို လည်းကောင်း၊ သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ (၁၈) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကို လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ပြိုင်ပွဲနှစ်ခု စလုံးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ ကြောင့် မြန်မာ အမျိုးအသင်းသည် ယင်းအတွက် ကာလရှည် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။ MK

Read 405 times Last modified on Thursday, 28 December 2017 09:49