SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရန်ကုန်ယူနိုက်တက်အသင်း ပြည်ပ ကစားသမားခေါ်ယူမှု အဆုံးသတ်

Thursday, 28 December 2017 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်ယူနိုက်တက် အသင်းသည် ရာသီသစ်အတွက် ပြည်ပကစားသမား နောက်ဆုံး ခေါ်ယူမှုအဖြစ် အီမာနျူရယ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ရှေ့တွင် တိုက်စစ်မှူးဆီလာ၊ နောက်ခံကစားသမား မိုကွီးနှင့် ကွင်းလယ် ကစားသမား ကိုစူကီတို့ကို ခေါ်ယူပြီး ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ဘောလုံးရာသီတွင် ပြည်တွင်း ပြည်ပပြိုင်ပွဲ များအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် GFA ကစားသမားဟောင်း နိုက်ဂျီးရီးယားတိုက်စစ်မှူး အီမာနျူရယ်ကို ယနေ့တွင် တစ်နှစ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ နိုက်ဂျီးရီးယား တိုက်စစ်မှူး အီမာနျူရယ်သည် ၂ဝ၁၇ ရာသီတွင် မြန်မာနေရှင်နယ်လိဂ်အသင်း ဖြစ်သည့် GFA အသင်းတွင် ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် MNL All Stars အသင်းနှင့် ယူ-၂၃ ခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူ ပေးခဲ့သည့် တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်သည်။

''ရန်ကုန်ယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အသင်း အောင်မြင်မှု ရရှိဖို့နဲ့ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ရန်ကုန်ယူနိုက်တက် အသင်းက အသင်းကြီးဖြစ်တဲ့အပြင် အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါကြောင့် အသင်းမှာရှိတဲ့ ကစားသမား တွေနဲ့အတူ အကောင်းဆုံး ကြိုးစားပြီး ပေးဆပ် ကစားသွားမှာပါ''ဟု အီမာနျူရယ်က ပြောသည်။

တီတီ

Read 361 times Last modified on Thursday, 28 December 2017 09:50