SJ WorldNews - шаблон joomla Авто

ရီးယဲလ်၏ နွေရာသီ အဓိကပစ်မှတ် ဟာဇက်နှင့် ကော်တွိုက်စ်တို့ဖြစ်

Wednesday, 10 January 2018 10:11 font size decrease font size decrease font size increase font size increase font size

လန်ဒန်   ဇန်နဝါရီ    

ရီးယဲလ် အသင်းသည် လာမည့် နွေရာသီအပြောင်း အရွှေ့ဈေးကွက်၌  ခေါ်ယူမည့် ကစားသမားများထဲတွင် ချယ်လ်ဆီး အသင်း ဂိုးသမား ကော်တွိုက်စ်နှင့်   တောင်ပံ တိုက်စစ် ကစားသမား   အီဒင်ဟာဇက် တို့ကို အဓိက ပစ်မှတ် ထားနေကြောင်း   စပိန်သတင်းများက ဖော်ပြနေကြသည်။  ရီးယဲလ်အသင်းသည်  ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေပြီး  ဘာစီလိုနာကို လိုက်မီရန် ၁၆ မှတ်လိုသော အနေအထားတွင် ရောက်ရှိနေခြင်းကြောင့် လာမည့် နွေရာသီဈေးကွက်၌ ထိပ်တန်း ကစား သမားများကို  ခေါ်ယူအားဖြည့်ရန်   စီစဉ်ထားရာ ယခုကတည်း က  ခေါ်ယူလိုသည့် ကစားသမားများကို လျာထားရာတွင်  ဟာဇက်နှင့်   ကော်တွိုက်စ်တို့ကို  ထိပ်ဆုံးမှစာရင်း သွင်းထားခြင်း ဖြစ်သည်။

Skysports မှ စပိန် ဘောလုံးလောက နှင့်ပတ်သက် ပြီး အထူးကျွမ်းကျင်သူ ဂိုင်လမ်ဘယ်လိခ်က ''ဘာစီလို နာက ကော်တင်ဟိုကို ခေါ်နိုင်ခဲ့ပြီ။ ဒါကြောင့် ရီးယဲလ် အနေနဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်နိုင်မှ ဖြစ်တော့မယ်'' ဟု သုံးသပ်ခဲ့သည်။ ရီးယဲလ်သည် ဟယ်ရီကိန်းကိုလည်း ခေါ်ယူလိုနေသည်။       

 

Read 261 times Last modified on Wednesday, 10 January 2018 10:12