SJ WorldNews - шаблон joomla Авто

ဂရစ်ဇ်မန်းကို မန်ယူခေါ်လျှင် တစ်ပတ်ပေါင် လေးသိန်းပေးရနိုင်

Wednesday, 10 January 2018 10:12 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ    ဇန်နဝါရီ    

အက်သလက်တီကို အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင်  အသင်းပြောင်းရန်  အစီအစဉ်ရှိရာ  မန်ယူအသင်းသည် ၎င်းအားခေါ်ယူရန် ကြိုးစားပါက တစ်ပတ် လစာ ပေါင် လေးသိန်းအထိပေးရနိုင်ကြောင်း သိရသည်။ ယခုဘောလုံးရာသီမစမီ နွေရာသီအပြောင်း အရွှေ့ဈေးကွက်တွင် မန်ယူအသင်းသည် ဂရစ်ဇ်မန်း ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရ ခဲ့ရာ တစ်ပတ်လစာ ပေါင် ၂၉ဝဝဝဝ ဖြင့်သဘောတူ နိုင်ခဲ့သော်လည်း ယခု ဂရစ်ဇ်မန်းအား ဘာစီလိုနာ အသင်းက ခေါ်ယူရန် ကြားဖြတ်ကြိုးစားလာခြင်း ကြောင့် ဂရစ်ဇ်မန်းမှာ ဘာစီလိုနာကို  ငြင်းပယ်ပြီး မန်ယူသို့ ပြောင်းရန် ဆုံးဖြတ်မည်ဆိုလျှင် တစ်ပတ် လစာပေါင် လေးသိန်းအထိ တောင်းဆိုမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြ နေကြသည်။

မန်ယူအသင်းအတွင်း လူတစ်ဦးက ''ဂရစ်ဇ်မန်းနဲ့ ပတ်သက်ပြီး ဂိုးတိုင်တွေက နေရာရွှေ့သွားခဲ့ပါပြီ။ သူ့ကို စတင် ခေါ်ယူဖို့ စီစဉ်တုန်းက ငွေကြေးမျိုးနဲ့လည်း မရနိုင်တော့သလို  လစာနှုန်းထားကလည်း တခြားအသင်း တစ်သင်း ကြားဝင်လာတဲ့အတွက် မြင့်မားသွားခဲ့ပြီ''ဟု ပြောသည်။

အက်သလက်တီကိုအသင်းသည် ဂရစ်ဇ်မန်းကို  ရာသီအကုန်တွင် ထုတ်ရောင်းပါက အခက်အခဲမရှိ ဘဲ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူထားပြီး ဖြစ်၍ လက်လွှတ်ခံနိုင်သော်လည်း အနည်းဆုံး ပြောင်း ရွှေ့ကြေး ပေါင် ၈၉ သန်းရမှ လက်လွှတ်ဖွယ်ရှိနေ သည်။

ဂရစ်ဇ်မန်းသည် ယခုရာသီတွင် အက်သလက်တီကို အသင်းအတွက်   ၂၂ ပွဲကစားပေးရာ  ရှစ်ဂိုး သွင်းထားနိုင်ပြီး မန်ယူနည်းပြ မော်ရင်ဟိုခေါ်ယူလိုသည့် တိုက်စစ်မှူးများအနက် ထိပ်ဆုံးမှ ပါဝင်နေသူ တစ်ဦးလည်းဖြစ် သည်။

Read 286 times Last modified on Wednesday, 10 January 2018 10:13