SJ WorldNews - шаблон joomla Авто

ဆွာရက်ဇ်ကြောင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ကော်တင်ဟိုဖွင့်ဟ ညာဘက်ပေါင်ခြံ ဒဏ်ရာ မပျောက် သေး၍ သုံးပတ်ကြာ အနားယူရမည်

Wednesday, 10 January 2018 10:13 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ ဇန်နဝါရီ ၉

ဘာစီလိုနာ အသင်းသို့ ပေါင် ၁၄၅  သန်းဖြင့် ပြောင်းရွှေ့သွား သော ဘရာဇီးကွင်း လယ်ဖန်တီးရှင် ကော်တင်ဟို က  မိမိ  လီဗာပူးမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့မှုတွင် ဆွာရက်ဇ်၏ အခန်းကဏ္ဍက အရေး ပါကြောင်း  အသင်းနှင့် ပထမဆုံး အကြိမ် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော်ပြောသည်။

အသက် ၂၅နှစ် ရှိပြီဖြစ်သော ကော်တင်ဟိုသည် ဘာစီလိုနာနှင့် ငါးနှစ်စာချုပ်ချုပ် ဆိုပြီးနောက် လီဗာပူး အသင်း ဖော် ဟောင်းဖြစ်သော လက်ရှိ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က ဘာစီလိုနာသို့ ပြောင်းလာရန် အမြဲမပြတ် မက်ဆေ့ခ်ျများ ပို့ပေးပြီး   ဘာစီလိုနာမြို့၌ နေရမည့်အိမ်ကိုပင် ဆွာရက်ဇ်က ရှာပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောသည်။

ကော်တင်ဟိုက''ဘာစီလိုနာကို ပြောင်းခွင့်ရခြင်းက အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ဆွာရက်ဇ် က ကျွန်တော့်ကို ဘာစီလိုနာမြို့မှာ အိမ်ရှာပေးခဲ့တယ်။ ကျွန်တော် အသင်းပြောင်း၊ မပြောင်း မသေချာ သေးက တည်းက  သူက သူ့အိမ် နားက  အိမ်တစ်အိမ်ကို  ရှာပေး တာပါ။ မက်ဆီလည်း  အဲဒီနားမှာပဲ နေတယ်။  ဆွာရက်ဇ်နဲ့ ကျွန်တော် တို့က ၂ဝ၁၄ ခုနှစ်က ပရီးမီးယား လိဂ် ဖလားရလုနီးနီးအနေအထား အထိ လီဗာပူးမှာ အတူခြေစွမ်းပြ နိုင်ခဲ့ကြတယ်။ သူနဲ့လည်း အဆက် အသွယ်မပြတ်ခဲ့ဘူး။ သူက ဘာစီ လိုနာအသင်းအကြောင်း၊ ဒီမြို့ အကြောင်းတွေကို ကျွန်တော့်ကို အမြဲပြောပြပြီး ကျွန်တော်ကလည်း ဘာစီလိုနာမှာ ကစားဖို့ အိပ်မက် ရှိတာကြောင့် အသင်းပြောင်းဖြစ်တာပါ''ဟု ပြောသည်။

ကော်တင်ဟိုသည် လက်ရှိတွင် ဘာစီလိုနာမြို့ ကမ်းခြေဒေသ ကက်စတယ်ဒီဖယ်အရပ်တွင် ဆွာ ရက်ဇ်၊ မက်ဆီ တို့၏ အိမ်နီးချင်းအဖြစ်    နေထိုင်နေပြီဖြစ်သည်။ သို့သော် လီဗာပူးမှ ပြောင်းလာပြီး နောက်     ဘာစီလိုနာ အသင်း ဆေးအဖွဲ့မှ  ဆေးစစ်ရာတွင် ညာ ဘက်ပေါင်ခြံဒဏ်ရာ မပျောက်သေး ၍သုံးပတ်ကြာအနားယူပြီးမှ ကစား

နိုင်မည် ဖြစ်ကြောင်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်သည်။ ထို့ပြင် ကော်တင်ဟိုအတွက် လီဗာပူး အသင်း သည် ခေါ်ဈေးကို များစွာ လျှော့ပေးခဲ့သည်ဟုလည်း သတင်း ထုတ်ပြန်ခဲ့သည်။

.............

Read 309 times Last modified on Wednesday, 10 January 2018 10:14