SJ WorldNews - шаблон joomla Авто

မက်ဆီကိုကျော်ပြီး နေမာ ဥရောပ တန်ကြေးအကြီးဆုံး ကစားသမားဖြစ်လာ

Wednesday, 10 January 2018 10:14 font size decrease font size decrease font size increase font size increase font size

 နျူချာတယ် ဇန်နဝါရီ 

ဆွစ်ဇာလန်နိုင်ငံ၌ အခြေစိုက်ပြီး ဘောလုံးသမားများ၏ ဈေးကွက် တန်ကြေး၊ စွမ်းဆောင်ရည်နှင့် ကာလ တန်ဖိုး များကို တွက်ချက် သုတေသန လုပ်သည့် CIES Football Obser-vatory မှ နောက်ဆုံးထုတ်ပြန်လိုက်သော ဥရောပ တန်ကြေးအကြီးဆုံး ဘောလုံး သမားစာရင်းတွင် ပီအက်စ် ဂျီအသင်းမှ  ဘရာဇီးတိုက်စစ်မှူး နေမာက မက်ဆီကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သည်။ နှစ်စဉ်  ဇန်နဝါရီလရောက်တိုင်း ထုတ်ပြန်လေ့ ရှိသည့် အဆိုပါစာရင်း တွင် နေမာသည် ကာလတန်ကြေး ယူရို ၂၁၃ သန်း (ပေါင် ၁၈၈ သန်း)တန်သည်ဟုဆိုကာ ဒုတိယနေရာမှ မက်ဆီသည် ယူရို ၂ဝ၂ ဒသမ ၂ သန်း (ပေါင်  ၁၇၈  ဒသမ  ၅) သန်းတန်ကြေး ရှိကြောင်း ဖော်ပြ ပါရှိသည်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း သည်  တတိယနေရာတွင်  ပေါင် ၁၇၂ သန်းဖြင့်  ရပ်တည်နေပြီး ထိပ်တန်း ၁ဝ ဦး စာရင်းတွင်  ပရီးမီးယားလိဂ်မှ ဒီလီအလီ၊  ဒီဘရိုင်း၊ လူကာကူနှင့် ပေါ့ဂ်ဘာတို့ ပါဝင်နေပြီး   စီရော်နယ်ဒိုမှာ  အံ့အားသင့်ဖွယ်ရာ  အဆင့်  (၄၉) နေရာသာ ရရှိခဲ့သည်။

...........

Read 263 times Last modified on Wednesday, 10 January 2018 10:15