SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ ၂ဝ၁၈ ပထမအဆင့် စစ်တုရင်လက်ရည်စစ်ပြိုင်ပွဲ စတင်ကျင်းပ

Wednesday, 10 January 2018 12:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  

မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ၂ဝ၁၈ ပထမအဆင့်  စစ်တုရင်လက်ရည်စစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ကစား သမား ၁၁၆ ဦးဖြင့် ယနေ့တွင် စတင်ကျင်းပကြောင်း သိရသည်။

၂ဝ၁၈ ပထမအဆင့် စစ်တုရင်လက်ရည် စစ်ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့  အောင်ဆန်း အားကစား ကွင်းမိုးလုံလေလုံအားကစားရုံ၌   ကျင်းပလျက်ရှိပြီး  ယင်းပြိုင်ပွဲသည် အောက်မြန်မာ ပြည်ဇုန်အဖြစ်  ရန်ကုန်မြို့၌  ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲမှ အမြင့်ဆုံးကစားသမား ၁၂ဦးကို လည်းကောင်း၊  မန္တလေး မြို့၌ ကျင်းပခဲ့သည့်  အထက်မြန်မာပြည်ဇုန် လက်ရည်စစ်ပြိုင်ပွဲမှ ဆန်ခါတင်ကစားသမား ၁၂ ဦး  ကိုလည်း ကောင်း၊ ပြီးခဲ့သည့်နှစ် တံခွန်စိုက် ပြိုင်ပွဲမှ ကစားသမား ၁၂ဦးကိုလည်းကောင်း ရွေးချယ်၍ ဒုတိယအဆင့်  လက်ရည်စစ် ပြိုင်ပွဲအဖြစ် မတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တီတီ

Read 265 times Last modified on Wednesday, 10 January 2018 12:32