SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

Friday, 19 January 2018 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၈

မျိုးဆက်သစ်အားကစားသမားများ စဉ် ဆက်မပြတ် ထွက်ပေါ်လာစေရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲ  များကို နှစ်စဉ်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌  ကျင်းပသည်။

ရှေးဦးစွာ ၅၅-၆ဝ ကီလိုတန်း အတိုက် အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် ဖြိုးမင်းခန့် (မန္တလေး)နှင့် စိုင်းမင်းသူ(ရှမ်း)တို့ ယှဉ်ပြိုင် ကစားရာ ဖြိုးမင်းခန့် (မန္တလေး)က အနိုင်ရ ဗိုလ်စွဲသွားသည်။ ဒုတိယပွဲစဉ်အဖြစ် ၆ဝ-၆၅ကီလိုတန်း  အတိုက် အမျိုးသားပြိုင်ပွဲတွင် ထွန်းထွန်းဝင်း(ကချင်)နှင့် ခွန်စိန်ဝင်း(ရှမ်း) တို့ ယှဉ်ပြိုင် ကစားရာ ထွန်းထွန်းဝင်း(ကချင်)က အနိုင်ရ ဗိုလ်စွဲသွားသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲတင့်က အကောင်းဆုံး အမျိုးသား ကစားသမားဆု ရရှိသော ရာဇာထွန်း(ပဲခူး)နှင့် အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ရရှိသော ခင်နှောင်းတင့်(ရှမ်း)တို့အား လည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က အမျိုးသမီး တံခွန်စိုက်ဆု ရရှိသော ရှမ်းပြည်နယ်အသင်းအား ရွှေသုံးခု၊  ငွေတစ်ခု၊ ကြေးတစ်ခုဖြင့်  လည်း ကောင်း၊ အမျိုးသားတံခွန်စိုက်ဆု ရရှိသော မန္တလေးတိုင်းဒေသ ကြီးအသင်းအား ရေနှစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ် ခုဖြင့် လည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုရရှိ သော ရှမ်းပြည်နယ် အသင်းအား ရွှေလေးခု၊  ငွေငါးခု၊ ကြေးသုံး ခုဖြင့် လည်းကောင်း ပေးအပ်ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီး  ဌာန ညွှန်ကြား ရေးမှူး ချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြအုပ်ချုပ်သူများ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်စိုး

Read 307 times Last modified on Friday, 19 January 2018 09:06