ရန်ကုန် ဩဂုတ် ၃
သမိုင်းစစ်တုရင် အသင်းမှ ကြီးမှူးကျင်းပသော BLITZ CHAMPIONSHIP အလွတ်တန်း လျှပ်တစ်ပြက်စစ်တုရင် ၅ မိနစ်ပြိုင်ပွဲနှင့် စစ်တုရင်အမှတ်တရ ပစ္စည်းဈေးရောင်းပွဲတော်ကို ဩဂုတ် ၅ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိ သမိုင်းစစ်တုရင်အသင်း ပြိုင်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပထမဆု ငွေကျပ် ၁၀ဝ၀ဝ၀၊ ဒုတိယဆု ငွေကျပ် ၇၀ဝ၀ဝ၊ တတိယဆု ငွေကျပ် ၅၀ဝ၀ဝ နှင့် နှစ်သိမ့်ဆု အပါအဝင် သမိုင်းစစ်တုရင် အသင်းဝင် ဒေသခံဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ စစ်တုရင် ပြိုင်ပွဲနှင့်အတူ စစ်တုရင် အမှတ်တရပစ္စည်း ဈေးရောင်းပွဲတော်ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် စစ်တုရင်နှင့် ပတ်သက်သော မည်သည့်ပစ္စည်း အမျိုးအစားမဆို ကိုယ်တိုင်ပါဝင် ရောင်းချနိုင်ကြောင်း သိရသည်။