SJ WorldNews - шаблон joomla Авто

(၁၈ )ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘော် လီဘော အသင်း အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ

Sunday, 19 August 2018 17:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၈

အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည့် (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘော်လီဘော အသင်းသည် ယမန်နေ့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘော်လီဘော အသင်းတွင် အုပ်ချုပ်သူ ဦးသိန်းဝင်း၊ နည်းပြချုပ် ဦးကျော်စွာဝင်း၊ လက်ထောက် နည်းပြ ဦးညီလေး နှင့် ကစားသမားများ ဖြစ်သော အောင်သူ (အသင်းခေါင်းဆောင်)၊ ဒိုမေးနီကို၊ သွင်ထူးဇင်၊ ခွဲခြားမောင်၊ ဇော်ထက်အောင်၊ နေလင်းအောင် ၊ စံညွန့်မောင်၊ ညီညီစံ၊ ဇော်ဝင်းလှိုင်၊ ဇော်လွင်ထွန်း၊ ရထိုက်ဝေနှင့် အောင်ဖြိုးတို့ ပါဝင်သည်။

အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားဘော်လီဘော အသင်းသည် အုပ်စု (ဃ) တွင် ဂျပန်၊ ကာဇက်စတန် အသင်းတို့နှင့် အတူ ကျရောက်ပြီး အုပ်စု ပထမပွဲစဉ်အဖြစ် သြဂုတ် ၂ဝ ရက် မြန်မာ စံတော်ချိန် ညနေ ၄ နာရီတွင် ကာဇက်စတန် အသင်းနှင့် လည်း ကောင်း၊ အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် သြဂုတ် ၂၄ ရက် မြန်မာ စံတော်ချိန်နံနက် ၈ နာရီ ခွဲတွင် ဂျပန်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ကာ အုပ်စုအဆင့် ကျော်ဖြတ်နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

တီတီ

Read 295 times Last modified on Sunday, 19 August 2018 17:57