SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပဲလေ့စ်ရဲ့ အိမ်ကွင်းဂိုးသွင်းနှုန်း ကောင်းလို့ လီဗာပူး ဂိုးပြတ်နိုင်ဖို့ ခက်မယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကြို သုံးသပ်ချက်

Monday, 20 August 2018 09:32 font size decrease font size decrease font size increase font size increase font size

သြဂုတ် ၂၀ ရက် ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ၊ စီးရီးအေပွဲစဉ်တစ်ပွဲ၊ လာလီဂါပွဲစဉ် နှစ်ပွဲနဲ့ ဂျာမန်ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ်လေးပွဲ ရှိနေတာကြောင့် စနေ၊ တနင်္ဂနွေနေ့ ညတွေသာမက တနင်္လာနေ့ညမှာပါ အိပ်ပျက်ခံရမယ့် ပွဲကောင်းတွေ ရှိနေပြန်ပါတယ်။

ပရီးမီးယားလိဂ် ပွဲမှာတော့ ပြင်ဆင်မှုအား အကောင်းဆုံး ဖြစ်တဲ့ လီဗာပူး အသင်းက လျှော့တွက်လို့ မရတဲ့ ပဲလေ့စ် အသင်းရဲ့ကွင်းကို သွားကစား ရမှာကြောင့် အများအထင်ကြီး ထားတဲ့အတိုင်း လီဗာပူးအသင်း ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မလား ဆိုတာကို မှတ်ကျောက်တင် ခံရမယ့်ပွဲလည်း ဖြစ်နေပါတယ်။

ပဲလေ့စ်က အထူးသဖြင့် ပွဲထွက် ၁၁ ဦးစာရင်းမှာ ထိပ်တန်း ခုနစ်သင်း ပြီးရင် အတောင့်တင်း ဆုံးလို့ သတ်မှတ် ထားတဲ့အတွက် ရင်ခုန်စွာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပဲလေ့စ် အသင်းက ဒီလို ရာသီအစမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ခုနစ်ပွဲ ဆက်တိုက် ရှုံးပွဲကြုံလို့ နည်းပြဖရန့် ဒီဘိုးဝါးကို ရာထူးက ထုတ်ပယ်လိုက်ရပေမယ့် အင်္ဂလန် နည်းပြဟောင်း ရွိုင်းဟော့ဆန် လက်ထဲကို ရောက်လာတော့ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း အထူးပြန်ကောင်း လာတာကြောင့် ရလဒ်တွေပါ ကောင်းပြီး တန်းဆင်းဇုန်က လွတ်တဲ့အပြင် ရာသီသိမ်းချိန်မှာ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရာသီအဖွင့် ပွဲစဉ်မှာလည်း ပဲလေ့စ် အသင်းက တန်းတက်ဖူလ်ဟမ် အသင်းကို တိုက်စစ်ဖွင့် ကစားနိုင်ပြီး ရှလပ်ရဲ့အဖွင့်ဂိုး၊ အသင်းရဲ့အကောင်းဆုံး တိုက်စစ်မှူး ဇာဟာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ တာကြောင့် ဒီရာသီမှာ ပိုကောင်းတဲ့ ရပ်တည်မှုမျိုး မျှော်မှန်း ကစားမယ့် အသင်း ဖြစ်နေပါတယ်။ ပဲလေ့စ်က လက်ရှိပရီးမီးယားလိဂ် ထိပ်သီး ခုနစ်သင်းပြီးရင် ပွဲထွက် ကစားသမား ၁၁ ဦးစာရင်းမှာ အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းဖြစ်တာ ကြောင့်လည်း လီဗာပူးအတွက် နိုင်ပွဲဆက်ဖို့ အဝေးကွင်းမှာ လွယ်ကူနိုင်မယ့် ပွဲမဖြစ်နိုင်ပါဘူး။

လီဗာပူးအသင်းကတော့ ၂ဝ၁၈ ခုနှစ်ထဲမှာ ကစားသမားသစ်တွေ ခေါ်ယူမှုအတွက် ပေါင်သန်း ၂ဝဝ ကျော် သုံးစွဲထားပြီး ချန်ပီယံဆုအတွက် မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် အားလုံးက တစ်ပေးထားတဲ့အတိုင်း ရာသီအဖွင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို သက်သောင့် သက်သာနဲ့ သရုပ်ပြ ကစားသလို ကစားပြီး လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲမှာ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ မာနေးနဲ့ ဆာလက်ခ်ျတို့ နှစ်ဦးစလုံး ဂိုးသွင်း နိုင်ခဲ့တာကြောင့် သူတို့ကလည်း ယုံကြည်ချက် ပြည့်ဝနေမှာပါ။

လီဗာပူးအသင်းက တိုက်စစ်ကစား ပုံကောင်းပေမယ့် ပြီးခဲ့တဲ့ရာသီ အဝေးကွင်းပွဲ ၁၉ ပွဲမှာ ၁၄ ဂိုးပေးခဲ့ရတဲ့အတွက် အဝေးကွင်း ခံစစ်ပိုင်းကတော့ သိပ်ပြီး စိတ်ချရတဲ့ အနေအထား မဟုတ်ပါဘူး။ ပဲလေ့စ်က ပြီးခဲ့တဲ့ ရာသီက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း သုံးပွဲမှာတင် ၁ဝ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာကြောင့် လီဗာပူးကို အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ခြေ ရှိပါလိမ့်မယ်။

ဟော့ဆန်ကို နည်းပြအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ပဲလေ့စ်အသင်းက အိမ်ကွင်း ၁၇ ပွဲမှာ ၁၄ ပွဲကို ဂိုးသွင်းနိုင်ခဲ့ပြီး စုစုပေါင်း ၂၉ ဂိုးသွင်း နိုင်ခဲ့လို့လည်း လီဗာပူးဘက်ကို ဂိုးသွင်းနိုင်မယ်လို့ ယူဆမိတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်း နိုင်ခဲ့ရင်တောင် ၂ ဂိုး-၁ ဂိုး လောက်ပဲ ဖြစ်နိုင်တဲ့ပွဲလို့ သုံးသပ်ချင် ပါတယ်။

Read 178 times Last modified on Monday, 20 August 2018 09:32