SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဂျပန်ဖိတ်ခေါ် ယူ-၁၇ ပြိုင်ပွဲအတွက် လိဂ်မှခြေစွမ်းပြ ကစားသမားများကို ထပ်မံအားဖြည့်မည်

Tuesday, 04 September 2018 10:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၃

ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့၌ အောက်တိုဘာ ၃ ရက်မှ ၁ဝ ရက်အထိ ကျင်းပမည့် JENESYS 2018 Inbound Program 5th Batch Japan-Mekong Youth Sports Exchange ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်အရ မြန်မာ ယူ-၁၇ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲသို့ မြန်မာယူ-၁၆ အသင်းကို စေလွှတ်မည်ဖြစ်ကာ ပြိုင်ပွဲအတွက် လိဂ်မှခြေစွမ်းပြနေသည့် ကစားသမားများကို အားဖြည့်မည် ဖြစ်ကြောင်း နည်းပြချုပ် ဦးညီညီလတ်ကပြောသည်။ ''ဒီပြိုင်ပွဲကို ကျွန်တော်တို့ သွားဖို့ရှိတယ်။ လက်ရှိ မြန်မာနေရှင်နယ်လိဂ်ယူ-၂၁ ပြိုင်ပွဲဝင်နေတဲ့ MFF Youth အသင်းကို အခြေခံပြီး လိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေကို အားဖြည့်သွားမယ်။ လောလောဆယ် လိဂ်ပြိုင်ပွဲပြီးလို့ ကစားသမားတွေကို တစ်လလောက် အနားပေးထားတယ်။ ပြိုင်ပွဲကာလမတိုင်မီ စခန်းသွင်း လေ့ကျင့်ပါမယ်'' ဟု ဦးညီညီလတ်က ပြောသည်။ JENESYS 2018 Program သည် မဲခေါင်ဒေသ ငါးနိုင်ငံသာမက အာရှဒေသ ပင်လယ်တွင်း နိုင်ငံများရှိ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်နှင့် အနာဂတ်တွင် ပိုမိုလက်တွဲ ဆောင်ရွက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ Japan-Mekong Youth Sports Exchange ကို တိုကျိုမြို့၌ (၁ဝ)ကြိမ်မြောက် Japan - Mekong Summit Meeting အထိမ်းအမှတ် ကျင်းပခြင်းဖြစ်ပြီး မဲခေါင်ဒေသ နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ယူ-၁၇ အသင်းများနှင့် ဂျပန် ယူ-၁၇ အသင်းတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

Read 125 times Last modified on Tuesday, 04 September 2018 10:02