SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဒေ့ဗ်ကိုပြန်လည် စိန်ခေါ်ကာ မြန်မာပြည် ချန်ပီယံဘွဲ့ ရယူမည်ဟု တူးတူးကြုံးဝါး

Tuesday, 04 September 2018 10:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၃

ရှုံးပွဲမရှိ စံချိန်တင်ထားသည့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးသည် ဒေ့ဗ်ကိုပြန်လည် စိန်ခေါ်ကာ မြန်မာပြည် ချန်ပီယံဘွဲ့ရယူမည် ဖြစ်ကြောင်း ပြောသည်။ တူးတူးသည် ၂ဝ၁၈ ဖေဖော်ဝါရီလက ကျင်းပသော WLC-4 ပြိုင်ပွဲအပြီးတွင် ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ပြီးနောက် လက်ဝှေ့လောကမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီ ဖြစ်သည်။ ''ကျွန်တော် ပြန်လေ့ကျင့်တယ် ဆိုတာက ဒေ့ဗ်ကိုစိန်ခေါ်ချင်လို့ပါ။ လက်ရှိမှာ စာချုပ်ချုပ်ထားတာ မရှိပါဘူး။ ကျွန်တော့်ရဲ့ လက်ရှိပုံစံနဲ့လည်း ဒေ့ဗ်ကိုယှဉ်ပြိုင်လို့ မရသေးဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ပုံမှန်ဖြစ်အောင် ပြန်လေ့ကျင့်နေတယ်။ နှစ်ပွဲအရင် ယှဉ်ပြိုင်ပြီး သုံးပွဲမြောက်မှာ ဒေ့ဗ်ကို စိန်ခေါ်မှာပါ'' ဟု တူးတူးကပြောသည်။ တူးတူး(နဂါးမာန်)သည် မြန်မာလက်ခမောင်း ကုမ္ပဏီမှ ကျင်းပသော WLC ပြိုင်ပွဲ၏ ပထမဆုံး မစ်ဒယ်ဝိတ်တန်း ချန်ပီယံဖြစ်ပြီး လက်ဝှေ့ သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိ စံချိန်ရယူထားသူလည်း ဖြစ်သည်။ တူးတူးနှင့်ဒေ့ဗ်တို့သည် ၂ဝ၁၆ ခုနှစ်က တွေ့ဆုံခဲ့ပြီး အဆိုပါပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ဒေ့ဗ်ကတူးတူးကို အသာစီးဖြင့် ယှဉ်ပြိုင်ထားခြင်းဖြစ်သည်။

Read 139 times Last modified on Tuesday, 04 September 2018 10:02