SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဝက်ဖို့ဒ်ကို ရှုံးခဲ့ရသည့်ပွဲမှ စိတ်ဓာတ်နှင့် ပရီးမီးယားလိဂ် ချန်ပီယံဆု မမှန်းနိုင်ဟု ပိုချက်တီနိုဆို

Tuesday, 04 September 2018 10:03 font size decrease font size decrease font size increase font size increase font size

လန်ဒန် စက်တင်ဘာ ၃

စပါးအသင်းသည် ပြီးခဲ့သည့် တစ်ပတ်က မန်ယူကို သုံးဂိုးပြတ်အနိုင် ရရှိခဲ့သော်လည်း ယမန်နေ့ညက ဝက်ဖို့ဒ်နှင့်ကစားရာ ဒုတိယပိုင်းတွင် ဝက်ဖို့ဒ် အသင်းဘက်မှ ကိုယ့်ဂိုး ကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုး ရခဲ့သော်လည်း ဝက်ဖို့ဒ်ဘက်မှ တည်ဘောနှစ်ကြိမ် စလုံးကို ထရွိုင်ဒီးနီနှင့် ကက်ခ်ျကတ်တို့က ခေါင်းတိုက် သွင်းယူခြင်းကြောင့် ရာနှုန်းပြည့် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့သည်။ စပါးနည်းပြ ပိုချက်တီနိုက ဝက်ဖို့ဒ်နှင့်ပွဲစဉ်မှ ရလဒ်ကို မိမိအသင်း ကစားသမားများ ကစားသွားသည့် စိတ်ဓာတ်ကြောင့် အံ့သြမှုမရှိဘဲ ယခုထက်ပိုပြီး ပြတ်သားစွာ ကစားရန်နှင့် အခွင့်အရေးရတိုင်း ဂိုးသွင်းနိုင်ခြင်း မရှိပါက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပစ်မှတ်ထားနိုင်သည့် အသင်းမျိုး ဖြစ်လာမည် မဟုတ်ဟု သတိပေး စကားပြောသည်။ ပိုချက်တီနိုက ''ဝမ်းနည်းစရာ ရလဒ်ဆိုတာ မှန်ပါတယ်။ နာကျင်ရပေမယ့် အံ့သြရတာမျိုးတော့ မရှိဘူး။ လေးနှစ်ရှိပြီ ဒီလိုမျိုးဖြစ်တတ်တာကို နားမလည်နိုင်ဘူး။ ရှုံးပွဲအတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါ။ ဒီသင်ခန်းစာက အနာဂတ်အတွက် အကောင်းဆုံး နိုးထနိုင်ဖို့ ဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ် မေလမှာ ကိုယ်တွေအသင်း ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အနေအထားရှိ၊ မရှိသိရမှာပါ။ ဒါပေမဲ့ ဒီအကြောင်းမပြောခင် အခုလို ကစားသွားတဲ့ စိတ်ဓာတ်၊ ခြေစွမ်းမျိုးနဲ့တော့ ဘာမှမျှော်လင့်လို့ မရနိုင်ဘူး။ အရေးကြီးတာက ကစားပုံ မကောင်းလည်း နိုင်ပွဲရဖို့လိုတယ်။ ဒီထက်ပိုပြီး စိတ်ဓာတ်ပြင်းပြစွာ ကစားနိုင်ဖို့နဲ့ အခွင့်အရေးရရင် ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ပြောသည်။

Read 174 times Last modified on Tuesday, 04 September 2018 10:03