SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဟူစကာမှာ မက်ဆီဂိုးသွင်းသည့် ၃၇ သင်းမြောက်ဖြစ်လာ ဂိုးကွာခြားချက် အသာရရန် အရေးကြီးဟု ဗယ်လ်ဗာဒီဆို

Tuesday, 04 September 2018 10:05 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ စက်တင်ဘာ ၃

ယမန်နေ့ညက ကစားသော လာလီဂါပွဲစဉ်၌ ဘာစီလိုနာ အသင်းသည် တန်းတက် ဟူစကာကို ၈ ဂိုး-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး မက်ဆီသည်ထိုပွဲ၌ နှစ်ဂိုးသွင်းနိုင်ခဲ့ရာ ဟူစကာအသင်းသည် စပိန်လာလီဂါ ပြိုင်ဘက်များထဲတွင် မက်ဆီဂိုးသွင်းခြင်း ခံရသည့် ၃၇ သင်းမြောက်အသင်း ဖြစ်လာခဲ့သည်။ မက်ဆီသည် ယခင်ကတည်းက လာလီဂါတွင် ပြိုင်ဘက်အသင်း အတော်များများကို ဂိုးသွင်းထားနိုင်သူ ဖြစ်ကာ ရာကီတစ်သွင်းယူသည့် နှစ်ဂိုးနှင့် ဂျော်ဒီအယ်လ်ဘာ သွင်းယူသည့် တစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခြင်းကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ မှတ်တမ်းအတွင်း လာလီဂါ၌ ဂိုးဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်လာသည်။ ထိုကာလအတွင်း လာလီဂါဂိုး ဖန်တီးမှု အများဆုံးမှာ ပွဲပေါင်း ၄ဝ၄ ပွဲကစားပြီး ၁၄၇ ဂိုးဖန်တီးပေးခဲ့သူ မစ်ချယ်ဖြစ်ကာ ယခုမက်ဆီမှာ ၄၂၁ ပွဲတွင် ဂိုး ၁၅ဝ ဖန်တီးပေးနိုင်သူ အဖြစ် စံချိန်သစ်တင်ခဲ့သည်။ ဘာစီလိုနာ အသင်းနှင့် မိမိ၏ ကစားသမား၊ နည်းပြဘဝ၌ ဂိုးအပြတ်ဆုံး နိုင်ပွဲရရှိခြင်း အတွက် ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက အသင်းတိုက်စစ် ကစားပုံကို ကျေနပ်သော်လည်း ပထမပိုင်းတွင် နှစ်ဂိုးပြန်ပေးရပြီး ၃ ဂိုး- ၂ ဂိုးဖြစ်ခဲ့ရ သေးသည့်အတွက် တစ်ကြိမ်အားနည်းချက် ရှိလျှင် တစ်ဂိုးပေးရသော အသင်းခံစစ်ကို ပြင်ဆင်ရဦးမည်ဟု ပြောသည်။ ထို့ပြင် အဓိကပြိုင်ဘက် အသင်းများအဖြစ် ရီးယဲလ်၊ ဗလင်စီယာနှင့် အက်သလက်တီကို တို့ရှိနေရာ ဂိုးများများသွင်းထားပြီး ဂိုးကွာခြားချက် အသာစီး ယူထားရန် အရေးကြီးကြောင်းနှင့် ယခုပွဲတွင် ဗီဒီယို လက်ထောက်ဒိုင် စနစ်ကြောင့် ဂိုးသွင်းပြီး အောင်ပွဲခံရန် စောင့်ရသည်မှာ တစ်မျိုးခံစားရကြောင်း ပြောသည်။

Read 154 times Last modified on Tuesday, 04 September 2018 10:05