SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ခံစစ်မှူးများနှင့် ပါဝင်ကစားသည့်စနစ်ကို ပီတာဆက်ခ်ျ အခက်ကြုံနေ

Tuesday, 04 September 2018 10:05 font size decrease font size decrease font size increase font size increase font size

လန်ဒန် စက်တင်ဘာ ၃

အာဆင်နယ် အသင်းသည် ယမန်နေ့ညက ကာဒစ်ဖ်ကို မူစတာဖီ၊ အူဘာမီယန်းနှင့် လာကာဇက်တီတို့၏ သွင်းဂိုးများဖြင့် အနိုင်ရသော ပရီးမီးယားလိဂ်ပွဲတွင် အာဆင်နယ် ဝါရင့်ဂိုးသမား ပီတာဆက်ခ်ျသည် ပွဲအစပိုင်းတွင် တစ်ဖက်အသင်းမှ ဖိအားပေး ကစားမှုကို ဂိုးဧရိယာ အတွင်းမှားယွင်းပြီး တစ်ဖက်အသင်းမှ ကစားသမားအား ဘောလုံးပေးခဲ့မိရာ ဂိုးသမားမရှိတော့သော အာဆင်နယ် ဂိုးပေါက်ကို ဟယ်ရီအာတာ ဂိုးပေါ်ထောင်ကန်ခဲ့ခြင်း ကြောင့်သာ ဂိုးမပေးရခြင်း ဖြစ်သည်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီသည် အာဆင်နယ် အသင်းကို ကစားကွက်ချမှတ်ရာတွင် အလွန်အမင်း ဖိအားပေးကစားသည့် စနစ်ကို အသုံးပြုနေပြီး ဂိုးသမားသည်လည်း နောက်တန်းတွင် ဂိုးဖမ်းကာ အမြင့်ဘော ကန်တင်သည့် တာဝန်သာမက ခံစစ်မှူးများနှင့် အပေးအယူလုပ်ကာ ပါဝင်ကစားသည့် စနစ်ကို အသုံးပြုခိုင်းခဲ့သည်။ ပီတာဆက်ခ်ျသည် ရှေ့ပွဲများတွင်လည်း ထိုစနစ်တွင် အသားမကျ၍ အခက်ကြုံခဲ့ပြီး အသစ်ခေါ်ယူထားသော ဂိုးသမားဘန်းဒ်လီနိုမှာ ထိုသို့ ကစားနိုင်သူဖြစ်၍ နေရာဝင်ယူရန် အသင့်ဖြစ်နေသော်လည်း အမ်မရီက ပီတာဆက်ခ်ျ မကြာမီပုံစံဝင် လာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

Read 139 times Last modified on Tuesday, 04 September 2018 10:06