SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အနီကတ်ထိသော ရက်ရှ်ဖို့ဒ်ကို နုံချာတဲ့သူဟု မော်ရင်ဟိုဝေဖန် ဝုဒ်ဝပ် ကျရှုံးခြင်း စပါယ်ရှယ်လစ် ဆိုသည့်စာတန်း ဖြတ်ပျံသည်ကို မမြင်ခဲ့ဟုဆို

Tuesday, 04 September 2018 10:06 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ စက်တင်ဘာ ၃

ပြီးခဲ့သည့် ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ဘရိုက်တန်နှင့် စပါးတို့ကို ရှုံးနိမ့်ခြင်းကြောင့် ဘန်လေကိုရှုံးလျှင် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော မန်ယူနည်းပြ မော်ရင်ဟိုသည် ယမန်နေ့ညက ဘန်လေကို လူကာကူ၏ သွင်းဂိုးနှစ်ဂိုးဖြင့် နှစ်ဂိုးပြတ်နိုင်သော ပွဲတွင် ဒုတိယပိုင်းမှ လူစားဝင်လာပြီး မကြာမီ အနီကတ်ထိခဲ့သော လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နုံချာတဲ့သူဟု ဝေဖန်ခဲ့သည်။ ရက်ရှ်ဖို့ဒ်မှာ ဒုတိယပိုင်းမှ လူစားဝင်လာပြီး ရှစ်မိနစ် အကြာတွင် ဘန်လေဂိုးစည်း ကျော်သွားသည့် ဘောလုံးကို လိုက်ယူရာမှ ဘန်လေခံစစ်မှူး ဖြစ်သော မန်ယူခံစစ်မှူးဟောင်း ဖီးလ်ဘတ်စ်လေက လျှောထိုးဖျက်ထုတ်သည်ကို ဒေါသထွက်ကာ အချင်းများမလိုဖြစ်ပြီး ဘတ်စ်လေ၏ခေါင်းကို ခေါင်းဖြင့်တိုက်သည့် လုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်ဂျွန်မော့စ်က အနီကတ်ပြ ထုတ်ပယ် လိုက်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်ရင်ဟိုက ''ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး။ ပြောချင်တာကတော့ ရက်ရှ်ဖို့ဒ်က နုံချာတဲ့သူလို့ပဲ ပြောချင်တယ်။ သူကချာတိတ် အရွယ်ဆိုပေမယ့် အတွေ့အကြုံလည်း အများကြီး ရှိနေသူပါ။ ဘတ်စ်လေကတော့ ဘောလုံးပွဲတွေမှာ နှစ်ပေါင်း ၂ဝ လောက်ကျင်လည် ခဲ့ပြီးသူပါ။ ရက်ရှ်ဖို့ဒ်က နုံချာတဲ့သူပဲ'' ဟု ပြောသည်။ ရက်ရှ်ဖို့ဒ်ကလည်း ပွဲအပြီးတွင် မိမိလုပ်ရပ် အတွက် တွစ်တာမှ အားလုံးကို တောင်းပန်ခဲ့သည်။ ''စိတ်လှုပ်ရှား တက်ကြွမှုက ကျွန်တော့်အတွက် ပိုကောင်းစေတဲ့ အရာဆိုပေမယ့် ဒီလိုမလုပ်သင့်ပါဘူး။ အသင်းနဲ့ ပရိသတ်တွေ အားလုံးကို တောင်းပန်ပါတယ်'' ဟု ပြောသည်။ ထိုပွဲတွင် ရက်ရှ်ဖို့ဒ် အနီကတ်ထိရုံသာမက ဆန်းချက်ဇ်မှာလည်း လူစားလဲခံရစဉ် ဒေါသထွက်ပေါက်ကွဲသည့် အမူအရာ ပြသသကဲ့သို့ အသင်းတွင် ကစားပုံ မကောင်းသေးသော ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လည်း ဒုတိယပိုင်းရရှိသည့် ပယ်နယ်တီ ကန်သွင်းရာ ဂိုးဝင်ခဲ့ခြင်းမရှိပေ။ ထိုပွဲတွင် ဘန်လေ အသင်း၏ တပ်ဖ်မိုးကွင်းပေါ်မှ မန်ယူပရိသတ်များ စီစဉ်ခဲ့သည့်အတိုင်း လေယာဉ်ဖြင့် မန်ယူဒုတိယဥက္ကဋ္ဌ ဝုဒ်ဝပ်ကျရှုံးခြင်း စပါယ်ရှယ်လစ်ဆိုသည့် စာတန်းချိတ်ဆွဲကာ ပျံသန်းခဲ့သော်လည်း မော်ရင်ဟိုက ကောင်းကင်ကို မော့မကြည့်မိသဖြင့် မမြင်မိခဲ့ဟု ပြောသည်။

Read 218 times Last modified on Tuesday, 04 September 2018 10:06