SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

၂ဝ၁၈ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၂ ဦးဖြင့် ဖွဲ့စည်းမည်

Tuesday, 04 September 2018 10:16 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၃

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်၂ဝ၁၈ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၂၂ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာ ၁၇ ရက်တွင် စခန်းသွင်း လေ့ကျင့်မှု စတင်မည်ဖြစ်ပြီး ပဏာမ ကစားသမား စာရင်းကို စက်တင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်သည် ကစားသမားများ ရွေးချယ်ရန် သြဂုတ်ဒုတိယပတ်က စတင်ကျင်းပလျက် ရှိသည့် ဖူဆယ်လိဂ်ပြိုင်ပွဲကို ကြည့်ရှုပြီး ခြေစွမ်းပြနေသည့် ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းမည် ဖြစ်သည်။ ၂ဝ၁၈ အာဆီယံ ဖူဆယ်ပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အနေဖြင့် အောင်မြင်မှု ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ နည်းပြချုပ် ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းကို သုံးကြိမ်ဆက်တိုက် ကိုင်တွယ်ခွင့် ရခြင်းဖြစ်ပြီး၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်ပြိုင်ပွဲတွင် ယာယီနည်းပြအဖြစ် ကိုင်တွယ်ရာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဦးဌေးမြင့်သည် အောင်မြင်မှုနှင့် ဝေးကွာနေသည့် အမျိုးသား ဖူဆယ်အသင်းကို ၂ဝ၁၆ ခုနှစ် ပြိုင်ပွဲတွင် ဒုတိယ၊ ၂ဝ၁၇ ခုနှစ် ပြိုင်ပွဲတွင် တတိယဆု ရယူပေးနိုင်ခဲ့သည်။

Read 248 times Last modified on Tuesday, 04 September 2018 10:17