SJ WorldNews - шаблон joomla Авто

MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲ အတွက် မဲခွဲပွဲကျင်းပ

Tuesday, 04 September 2018 10:17 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၃

မော်လမြိုင်မြို့၌ ကျင်းပမည့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ အတွက် မဲခွဲပွဲ အခမ်းအနားကို ယမန်နေ့က ဆောက်သမ်းမြန်မာအသင်း အိမ်ကွင်း၌ ကျင်းပရာ မော်လမြိုင် ဒေသခံနှစ်သင်း တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ အဆိုပါ မဲခွဲပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ဆောက်သမ်းမြန်မာ အသင်းမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းမှ အသင်း အုပ်ချုပ်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနေရှင်နယ်လိဂ် Security & Operation Director ဦးအောင်သူမြင့်က အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများကို တက်ရောက်လာသည့် တာဝန်ရှိသူများက အုပ်စုပွဲစဉ်များ မဲနှိုက်ပေးသည်။ အုပ်စုခွဲဝေမှုအရ အုပ်စု(က) တွင် ကျိုက်ထို၊ ပေါင်၊ ကျိုက်မရောအသင်း၊ အုပ်စု(ခ)တွင် သံဖြူဇရပ်၊ သထုံ All Stars ၊မုဒုံအသင်း၊ အုပ်စု(ဂ)တွင် ရေး၊ ဘီးလင်း၊ သထုံအသင်း၊ အုပ်စု (ဃ) တွင် မော်လမြိုင်၊ ချောင်းဆုံနှင့် မော်လမြိုင် All Stars အသင်းတို့ ပါဝင်သည်။ ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပမည် ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှု အသင်းများ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို မြန်မာ့ဘောလုံး လောကအတွက် အားထားရသည့် မျိုးဆက်သစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကာ ပြိုင်ပွဲဝင်အသင်း၁၂ သင်းကို တစ်သင်းလျှင် ထောက်ပံ့ကြေး ငွေကျပ် ၁ဝ သိန်းနှင့် အားကစား ပစ္စည်းများ MPT-MNL မှ ထောက်ပံ့ပေးထားကြောင်း သိရသည်။

Read 277 times