SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင်ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းတို့ဂိုးပြတ်အနိုင်ရ

Friday, 08 September 2017 09:07 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၇

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို

ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ဗီယက်နမ် အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။ညနေ ၃ နာရီတွင် ယှဉ်ပြိုင်ကစားသည့် ပထမပွဲတွင် ဗီယက် နမ် အသင်းက ဘရူနိုင်းအသင်းကို ၈ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသည့် ဗီယက်နမ် အသင်းသည် အဖွင့်ပွဲမှာပင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး ဘရူနိုင်း အသင်း ကို ဂိုးပြတ် သွင်းယူခဲ့သည်။

ဆက်လက်၍ ည ၆ နာရီတွင်ယှဉ်ပြိုင်ကစားသည့် ဒုတိယပွဲတွင် အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင် အသင်းကို ၉ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် အဖွင့်ပွဲတွင် မြန်မာအသင်း ကို အနိုင် ရခဲ့သောကြောင့် စိတ်ဓာတ်ပိုင်း အမြင့် ဆုံးရောက်နေပြီး ယခုပွဲတွင်လည်းခြေအသာဖြင့်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

Read 347 times Last modified on Friday, 08 September 2017 14:11