Print this page

တိုက်စစ်မှူး ဂျိုဗစ်ခ်ျကို ပေါင်သန်း ၅ဝ ဖြင့် ခေါ်ယူရန် ရီးယဲလ်သဘောတူညီမှုရနိုင်

Sunday, 21 April 2019 13:14 font size decrease font size decrease font size increase font size increase font size

ရီးယဲလ်အသင်းသည်  ဖရန့်ဖတ်အသင်းတွင်  ယခုရာသီ၌  ခြေစွမ်းပြ၍ဂိုးများသွင်းယူနေသော ဆားဘီးယားလူငယ်တိုက် စစ်မှူး လူကာဂျိုဗစ်ခ်ျကို ပေါင်သန်း ၅ဝ ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိတော့မည်ဖြစ်ကြောင်း     စပိန်အေအက်စ် သတင်းစာက မျက်နှာဖုံးတင် ဖော်ပြခဲ့သည်။ ဂျိုဗစ်ခ်ျသည် ယခုရာသီတွင် ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၅ ဂိုးသွင်းယူပေးနိုင် သူဖြစ်ရာ အပြောင်းအရွှေ့အသုံးစရိတ် ယူရိုသန်း ၅ဝဝ အထိ အသုံးပြုခွင့်ရထားသော နည်းပြဇီဒန်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ဂျိုဗစ်ခ်ျကို ခေါ်ယူရန် ညှိနှိုင်းနေရာ သဘော တူညီမှုရတော့မည်ဟု အေအက်စ်သတင်းစာကဖော်ပြသည်။

ဂျိုဗစ်ခ်ျသည် ယခုရာသီတွင် ဖရန့်ဖတ်အသင်း၌ ဒုတိယရာသီ အဖြစ် ဘင်ဖီကာမှ အငှားဖြင့်လာရောက်ကစားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကမှ ဖရန့်ဖတ်က ပေါင် ခြောက်သန်းဖြင့် အပြီး သတ်စာချုပ်ချုပ်ဆိုခေါ်ယူကာ ရီးယဲလ်ထံ ပေါင်သန်း ၅ဝ ဝန်း ကျင်ဖြင့် ပြန်ရောင်းပါက အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ် သည်။

Ref:Mirror

Read 57 times