SJ WorldNews - шаблон joomla Авто

ချန်ပီယံလိဂ်ပွဲကစားခွင့်ရရန် ဇာဟာ ရာသီကုန်တွင် အသင်းပြောင်းမည် မန်ယူတွင် မိုယက်စ်က မိမိအား အလုံးစုံ ရိုက်ချိုးဖျက်ဆီးခဲ့ဟုဖွင့်ဟ

Sunday, 21 April 2019 13:14 font size decrease font size decrease font size increase font size increase font size

ပဲလေ့စ်အသင်း၌ ခြစွမ်းပြနေသည့် အိုင်ဗရီကို့စ်တိုက်စစ်မှူး  ဝီးဖရတ်ဇာဟာက   ရာသီကုန်တွင် မိမိရည်မှန်းချက်ဖြစ်သော ချန်ပီယံလိဂ်ပွဲကစားခွင့်ရနိုင်မည့် ထိပ်တန်းအသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန်  ဆုံးဖြတ်ထားသည်ဟု   ဒေးလီးမေးလ်နှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောသည်။

ဇာဟာသည် မန်ယူတွင် ဖာဂူဆန်အနားမယူမီ နောက်ဆုံးခေါ်ယူခဲ့သည့်  ကစားသမားဖြစ်သော်လည်း   နည်းပြမိုယက်စ်လက်ထက်နှင့်  ဗန်ဟား လက်ထက်တို့၌ လေးပွဲသာ ပွဲထွက်ကစားခွင့်ရပြီး ပရီးမီးယားလိဂ်တွင်အရန်အဖြစ် ၂၈ မိနစ်သာ လူစားဝင်ကစားခွင့်ရကာ ထိုမှတစ်ဆင့် ဗန်ဟား လက်ထက်တွင် ကာဒစ်ဖ်အသင်းသို့ အငှားထွက်ကစားခဲ့ရပြီးနောက်    အသင်းဟောင်းပဲလေ့စ်သို့ တစ်ဖန်အငှားသွားကစားကာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပဲလေ့စ်နှင့် အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

ပဲလေ့စ်တွင် အရေးအပါဆုံးသော တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြသနေသည့် ဇာဟာကို ပြီးခဲ့သည့်နှစ်က ပဲလေ့စ်အသင်းသည် တစ်ပတ်လစာ ပေါင် ၁၃ဝဝဝဝ ပေးပြီး ငါးနှစ်စာချုပ်တိုးမြှင့်ချုပ်ဆိုခဲ့ပြီး ယခု  ထိုက်သင့်သည့်ဈေးရပါက  ရာသီကုန်တွင် ဇာဟာကိုရောင်းထုတ်ကာ အသင်းမှ ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

တန်ကြေးပေါင်သန်း ၅ဝ ဝန်းကျင်ရှိနေသော ဇာဟာက  မန်ယူတွင်  မိမိအား  မိုယက်စ်က

အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ကစားသမားဘဝကိုရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်ဟု အင်တာဗျူးတွင် ပြောသည်။ မိုယက်စ်က ဇာဟာသည် မိမိအလိုရှိသည့်ပုံစံမရှိသော ကစားသမားဖြစ်သည်ဟုဆိုကာ အသင်းစာရင်းတွင်အသုံးမပြုခဲ့ပေ။ ''ကျွန်တော့်ကို မန်ယူလိုအသင်းကြီးက နည်းပြဖာဂူဆန်ကခေါ်ခဲ့တာဖြစ်လို့ ဒီလိုအခွင့်အရေးမျိုး   ဘယ်လိုမှမရနိုင်တော့ဘူးဆိုပြီး အစွမ်းကုန်ကြိုးစားလေ့ကျင့်ခဲ့တယ်။

ကျွန်တော်က  ရည်မှန်းချက်ကြီးတယ်။ ဒါကြောင့် လေ့ကျင့်ရေးကွင်းမှာ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကို ပြသဖို့ အားလုံးထက်ပိုကြိုးစားခဲ့တယ်။ ရွန်းနီက

တောင် လေ့ကျင့်ရေးကွင်းမှာ မင်းအကောင်းဆုံးလို့ ပြောပေမယ့်   မိုယက်စ်ကတော့   ကျွန်တော့်ကို ဘယ်လိုမှ အခွင့်အရေးမပေးဘူး။  အစစအရာရာ လိုက်အပြစ်တင်ပြီး ကျွန်တော်က သူလိုချင်တဲ့ပုံစံ

မရှိတဲ့  ကစားသမားတဲ့။  သူထွက်သွားပြီးတော့ ဗန်ဟားရောက်လာချိန်  ဗန်ဟားနဲ့  လက်ထောက်

နည်းပြဂစ်တို့က ချန်ပီယံလိဂ်လူစာရင်းမှာ ကျွန်တော့် ကို မထည့်ဘဲ တစ်ခါမှ အသင်းကြီးအတွက်မကစား ပေးရသေးတဲ့ ဂျာနူဇက်ကိုထည့်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ကာဒစ်ဖ်ကို အငှားထွက်ကစားဖို့ ဆုံး ဖြတ်ခဲ့တာပါ။ ဒီနေ့အချိန်ခါမှာတော့  ကျွန်တော့် အစွမ်းကို  သက်သေပြနိုင်ပြီဖြစ်လို့ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့  ထိပ်တန်းကလပ်အသင်း တစ်သင်း ကို ပြောင်းရွှေ့ချင်ပါတယ်''ဟု ပြောသည်။

ဇာဟာကို မန်ယူနှင့် အာဆင်နယ်အသင်းတို့က ခေါ်ယူလိုနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရသောအသင်း သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။

Ref:Dailymail

Read 58 times