SJ WorldNews - шаблон joomla Авто

ရီးယဲလ်၏ အတိတ်တွင် ဂါရတ်ဘေးလ် ကျန်ရစ်ခဲ့ပြီဟု နည်းပြဇီဒန်းဆို

Wednesday, 22 May 2019 09:59 font size decrease font size decrease font size increase font size increase font size

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မှမထွက်ဘဲ တစ်နှစ်လစာပေါင် ၁၅ သန်းယူနေမည်ဟု ဘေးလ်တုံ့ပြန်ရီးယဲလ်နည်းပြဇီဒန်းက မိမိ၏အသင်း အနာဂတ် တွင် ဂါရတ်ဘေးလ်ဆိုသည်မှာ မရှိတော့ဘဲ ဘေးလ် အတွက် နှုတ်ဆက်ပွဲပင်လုပ်ရန်မရှိဟု  ဘက်တစ် ကို နှစ်ဂိုးပြတ်ရှုံးသည့် လာလီဂါရာသီ သိမ်းပွဲစဉ် အပြီးတွင်  ပြတ်သားစွာ  ပြောခဲ့သည်။  ဂါရတ် ဘေးလ်နှင့် ဇီဒန်းတို့ကြား ဆက်ဆံရေးမှာ အဆိုး ရွားဆုံးဖြစ်လာပြီး အီဘာနှင့်ပွဲတွင် ဘေးလ်ကို အရန်ခုံ၌သာထားကာ   နောက်နောင်တွင်လည်း  မိမိအသင်း အနာဂတ်၌  ဘေးလ်မပါဝင်တော့ဟု ဇီဒန်းကပြောသည်။

ဇီဒန်းက ''ဘေးလ်က ရီးယဲလ်မှာ အောင်မြင် မှုတွေအများကြီးရခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ က  မျက်မှောက်အချိန်နဲ့   အနာဂတ်အတွက် နေထိုင်နေကြတဲ့သူတွေပါ။ ကျွန်တော်တို့ အတိတ်ကို တော့ မေ့လို့မရနိုင်ပေမယ့် တစ်နေ့ချင်းစီ အလိုက် ရှင်သန်နေထိုင် သွားကြရတာပါ''ဟု ပြောသည်။

ရီးယဲလ် အသင်းသည် ဇူလိုင် ၆ ရက်တွင် ရာသီ ကြိုခြေစမ်းခရီးစဉ်အတွက် ပြန်လည်လေ့ကျင့်ခန်း ဆင်းရမည်ဖြစ်သည်။ ထို့ကြောင့် ဘေးလ်နှင့်မည်သို့ ဆက်လက်လက်တွဲဖြစ်မည်နည်းဟူသော  မေးမြန်းမှုကို    ဇီဒန်းက  ''ဘာတွေဖြစ်လာ မလဲ ဆိုတာ ကျွန်တော်လည်းမသိဘူး။ နောက်ပိုင်း တခြား ကစား သမားတွေကို   ရွေးခေါ်တာလည်း ဖြစ်နိုင်တယ်။ ဘာမဆိုဖြစ်လာ နိုင်တယ်''ဟု ဖြေကြားခဲ့သည်။

ဂါရတ်ဘေးလ်ဘက် ကလည်း ဇီဒန်းနှင့်မည်မျှ ဆက်ဆံရေးတင်းမာနေသည်ဖြစ်စေ အရှုံးပေးပြီး ရီးယဲလ်မှ ထွက်သွားခြင်းထက် ရီးယဲလ်နှင့် လက်ကျန် စာချုပ်သက်တမ်းသုံးနှစ်ရှိသေးချိန်တွင်ကစား ခွင့်မရဘဲ တစ်နှစ်လစာ ပေါင် ၁၅ သန်းရယူနေ မည်ဟု အသင်းဖော်သူငယ်ချင်းများအား ပြောကြား ခဲ့ကြောင်သိရသည်။ စပိန်ရေဒီယို တစ်ခုကလည်း ဘေးလ်သည် ဇီဒန်း၏ နေရာပေးခြင်း မခံရလျှင် ရရှိမည့် တစ်နှစ်လစာ ပေါင် ၁၅သန်းဖြင့် ဂေါက်သီးရိုက်ပြီး ထိုင်စားသွားမည်ဟု ပြောကြောင်း ထုတ်လွှင့်ခဲ့သည်။

ဇီဒန်းနှင့် ဂါရတ်ဘေးလ်တို့၏ ပြဿနာမှာ ဖြေ ရှင်းရ ခက်နေပြီး ရီးယဲလ်အသင်းသည် ဘေးလ်ကို ရောင်းထုတ်လျှင် ဝယ်ယူစဉ်က ပေးခဲ့ရသည့် ပေါင် ၈၆ သန်းဝန်းကျင်ပြန် လိုချင်နေသည်။ ထို့ကြောင့် ဝယ်ယူမည့်အသင်းသည် ထိုပြောင်း ရွှေ့ကြေးအပြင်  တစ်နှစ်လစာ ပေါင် ၁၅ သန်းပေးနိုင်ရန်မှာ လွန် စွာခက်ခဲမည်ဖြစ်သည်။  ရီးယဲလ်အသင်း  ဂျိမ်းစ် ရိုဒရီ ဂွက်ဇ်ကို ဘိုင်ယန်ထံ နှစ်ရာသီအငှားချခဲ့ရာ တွင် တစ်ရာသီလစာနှုန်း ပေါင် ၅ ဒသမ ၇ သန်းသာ ပေးခဲ့ရပြီး ဘေးလ်က သုံးဆပိုများ နေသောကြောင့် ထိုပမာဏကို ပေးနိုင်မည့်အသင်း ရှားပါးနေသည်။

ရီးယဲလ်အသင်းသည် ဘက်တစ်ကိုရှုံးခဲ့ရသည့် အတွက် ယခုရာသီ၌ ၁၇ ပွဲမြောက်ရှုံးပွဲကြုံကာ လာလီဂါတွင် ၁၂ ပွဲမြောက်ရှုံး ပွဲကြုံခြင်းဖြစ်သလို  ဇီဒန်း တစ်ကျော့ပြန်နည်းပြပြီးနောက် ကစားသည့် ၁၁ ပွဲတွင် ၁၇ မှတ်သာရရှိခဲ့သည်။  ထို့ကြောင့် ဇီဒန်းသည် ရာသီသစ်တွင် ရီးယဲလ်အသင်းကို မြေလှန်ပြင်ဆင်ရန် ကြိုတင်စီမံချက်များ ချမှတ်နေပြီ ဖြစ်သည်။                       

Ref:Dailymail

Read 38 times Last modified on Wednesday, 22 May 2019 10:00