SJ WorldNews - шаблон joomla Авто

နည်းပြ ဂွါဒီယိုလာကို ပေါင်သန်း ၁ဝဝ တန်စာချုပ် သက်တမ်းတိုးရန်ပြင်ဆင်

Wednesday, 22 May 2019 10:00 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံးနည်းပြ

မန်စီးတီးအသင်းသည်   ယခုရာသီတွင် အင်္ဂလန်ကလပ်အသင်းများအနက် ပထမဆုံး အသင်းအဖြစ် ပြည်တွင်းဖလား သုံးလုံးစလုံး ရရှိနိုင်ခဲ့သောကြောင့် အသင်းသားများနှင့် ချုပ်ဆိုထားသည့်စာချုပ်များအရ ကစားသမားများ အတွက် အပိုဆုကြေး ပေါင် ၁၅ သန်းရရှိမည် ဖြစ်ကြောင်း သိရသည်။ မန်စီးတီးသည် ၂ဝဝ၉ ခုနှစ်က ဖာဂူဆန် မန်ယူနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် နှစ်နှစ်ဆက်တိုက်  ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိနိုင်ခြင်းဖြစ်သည်။ ထို့ပြင် လိဂ်ဖလားခေါ် ကာရာဘာအိုဖလားနှင့် အက်ဖ် အေဖလားတို့ကိုလည်း ရရှိသည့်အတွက် ကစား သမားတစ်ဦးချင်းစီနှင့် ချုပ်ဆိုထားသော စာချုပ်အရ   အပိုဆုကြေးများစွာ ပေးရမည်ဖြစ်ပြီး ဒီဘရိုင်းနှင့် ဒေးဗစ် ဆေးလ် ဗားတို့မှာ   ပေါင် ၇၅ဝဝဝဝ အထိ ရရှိနိုင်မည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက် တွင် အကောင်းဆုံးသော ကစားဟန်သစ်ကို တည်ထောင်နိုင်သလို အောင်မြင်မှု များလည်း ရရှိခဲ့ခြင်းကြောင့် နည်းပြဂွါဒီယိုလာကို လက်ကျန် စာချုပ်နှစ်နှစ်ကျန်နေသေးသော်လည်း နောက်ထပ် သုံးနှစ်စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ စာချုပ်သက်တမ်းတိုးရန် မန်စီးတီး အသင်းသည် လက်ရှိ တစ်နှစ်လစာ ပေါင် ၁၅ သန်းမှ ပေါင်သန်း ၂ဝ အထိတိုးပေး မည်ဖြစ်ခြင်းကြောင့် ဂွါဒီယိုလာ ဘက်မှ လက်ခံ ပါက ပေါင်သန်း ၁ဝဝ အထိ ရရှိနိုင်မည်ဖြစ် ကြောင်း သတင်းများကဖော်ပြကြသည်။

Ref:The Sun

Read 37 times Last modified on Wednesday, 22 May 2019 10:01