SJ WorldNews - шаблон joomla Авто

အူဘာမီယန်း၏ သွင်းဂိုးများမှ အာဆင်နယ်အသင်း ၁၉ မှတ်ရ

Thursday, 23 May 2019 09:24 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

ပြီးဆုံးသွားသော ပရီးမီးယားလိဂ် ရာသီတွင် ဆာလက်ခ်ျ၊ မာနေးတို့နှင့်အတူ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆု ပူးတွဲရရှိသည့် အာဆင်နယ် တိုက်စစ်မှူးအူဘာမီယန်းသည် အရေးပါသော အဆုံးအဖြတ် အနိုင်ဂိုးများ သွင်း

ယူကာ အာဆင်နယ် အတွက် ၁၉ မှတ်အထိ ရယူပေး နိုင်ခဲ့ကြောင်း သိရသည်။

အူဘာမီယန်း၏ အရေးပါသော အဆုံးအဖြတ် ဂိုးများကြောင့် အာဆင်နယ်အသင်း  ယူရိုပါလိဂ်ဝင်ခွင့် ရရှိပြီး ၄င်းကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၆ ပွဲတွင် အသင်းအတွက် ၁၉ မှတ်ရရှိစေမည့် အဆုံးအဖြတ် ဂိုးများ သွင်းပေး ခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် အမှတ်အများဆုံးရယူပေးနိုင်ခဲ့သည့် ပရီးမီးယားလိဂ် ကစားသမားဖြစ်လာသည်။

အူဘာမီယန်းပြီးလျှင် ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်သည် အသင်းအတွက် သွင်းဂိုး ၁၁ဂိုးနှင့် ၁၃ မှတ်ရနိုင်ခဲ့သည်။ တတိယ နေရာ၌ ချယ်လ်ဆီးအသင်းမှ ဟာဇက်က သွင်းဂိုး ၁၆ ဂိုးနှင့် ရမှတ် ၁၂ မှတ် ရယူပေးနိုင်ခဲ့သည်။               

Ref:Dailymail

Read 31 times Last modified on Thursday, 23 May 2019 09:42