SJ WorldNews - шаблон joomla Авто

အလီဂရီကို အီတလီ ဘောလုံးအဖွဲ့ချုပ်မှ Football Hall of Fame စာရင်းသွင်း ဂုဏ်ပြု

Thursday, 23 May 2019 09:42 font size decrease font size decrease font size increase font size increase font size

မီလန်၊ ဂုဏ်ပြုဆု

ဂျူဗင်တပ်စ် အသင်းကို ငါးနှစ်ဆက်တိုက် စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်သော နည်းပြအလီဂရီကို   အီတလီ ဘောလုံး အဖွဲ့ချုပ်က အီတလီဘောလုံးလောကတွင် ထူးခြားအောင်မြင်ခဲ့သူများအား ဂုဏ်ပြုစာရင်းသွင်းသည့် Football Hall of Fame ၌ စာရင်းသွင်း ကာ ဂုဏ်ပြုဆုကို အီတလီဝါရင့်နည်းပြကြီး မာဆယ်လိုလစ်ပီက ပေးအပ်ခဲ့ သည်။

အီတလီဘောလုံး အဖွဲ့ချုပ်က အလီဂရီနှင့် ပတ်သက်ပြီး''အလီဂရီက စီးရီးအေချန်ပီယံဆုကို ငါးနှစ်ဆက်တိုက်ရယူ နိုင်တဲ့ တစ်ဦးတည်းသော  နည်းပြဖြစ်တယ်။ စုစုပေါင်းဆိုရင် စီးရီးအေ ချန်ပီယံဆု ခြောက်ကြိမ်ရခဲ့တယ်။ ကိုပါအီတာ လီယာဖလား လေးကြိမ်၊ အီတလီ စူပါဖလား သုံးကြိမ်ရနိုင်ခဲ့လို့ ထိုက်တန်စွာဂုဏ်ပြုရခြင်းဖြစ်ပါတယ်''ဟု သတင်း ထုတ်ပြန်ခဲ့သည်။

အလီဂရီသည် ၂ဝ၁ဝ-၂ဝ၁၁ ဘောလုံးရာသီ တွင် အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံ ဆုရယူပေးနိုင်သူဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် ကွန်တီထွက်ခွာသွားသည့် ဂျူဗင်တပ်စ်အသင်း ၏နည်းပြရာထူးကို ရယူခဲ့သူဖြစ်သည်။

အလီဂရီက ရရှိသောဂုဏ်ပြုဆုကို လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အီတလီဘောလုံးသမိုင်းတွင်   ထာဝရဂုဏ်ပြုခံဖြစ်ရခြင်း အတွက် ဝမ်းသာကြောင်း ပြောခဲ့သည်။ အလီဂရီသည် မေ ၂၆ ရက်တွင် ဆမ်ဒိုးရီးယားနှင့် ရာသီသိမ်း စီးရီးအေ ပွဲစဉ် ကစားပြီးပါက    ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဖြစ်သည်။ 

Ref:BBC

Read 32 times Last modified on Thursday, 23 May 2019 09:42