SJ WorldNews - шаблон joomla Авто

ကားဆီးလက်စ် နှလုံးရောဂါဖြစ်ပြီးနောက် ဇနီးကာဘိုနာရို ကင်ဆာ ရောဂါ ခံစားနေရ

Thursday, 23 May 2019 09:42 font size decrease font size decrease font size increase font size increase font size

စပိန်ဝါရင့်ဂိုးသမား   ကားဆီးလက်စ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က  နှလုံးရောဂါဖောက်ပြီး ကံကောင်း၍ အသက် မသေခဲ့ သော်လည်း ဘောလုံးသမားဘဝမှ အနားယူပြီးနောက် ၄င်း၏ဇနီးဖြစ်သူ ဆာရာကာဘိုနာရိုမှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ခံစားနေရကြောင်း သိရသည်။

ကာဘိုနာရိုက ကားဆီးလက်စ် နှလုံးဖောက် ခဲ့ပြီးနောက် သုံးပတ်အကြာမှာပင် သားအိမ်ခေါင်း ကင်ဆာရောဂါ ခံစား နေရကြောင်းကို လူမှုကွန် ရက်မှတစ်ဆင့် ကြေညာခဲ့သည်။

ကာဘိုနာရိုက ''ရှော့ခ်တစ်ခုဖြစ် ခဲ့ရလို့ ပြန်ပြီး စိတ်သက်သာရာတောင်မရသေးဘူး။ နောက်ထပ်  ရှော့ခ်တစ်ခုက ဝင်လာပြန်ပြီ။ ဘဝမှာ အံ့သြစရာတွေ ထပ်ခါထပ်ခါဖြစ်ရပြန်တယ်။ ဒီတစ်ကြိမ်က ကျွန်မဖြစ်တာပါ။ စကားလုံး ခြောက်လုံးပါတဲ့ စကားစု တစ်ရပ်ဖြစ်ပေမယ့်   ချရေးဖို့ခက်ခဲနေတုန်းပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေ လုပ်ခဲ့တော့  ကျွန်မသားအိမ်မှာ အကျိတ်ရှိနေပြီး    ခွဲစိတ်ကုသမှုခံယူရမယ်လို့ သိရတယ်။ ကျွန်မစိတ်ကို တည်ငြိမ်အောင်ထား နိုင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်သွားနိုင်မယ်လို့ ယုံတယ်''ဟုရေးသားခဲ့သည်။    

Ref:Goal

Read 31 times Last modified on Thursday, 23 May 2019 09:43