Print this page

ပေါင် ၅၈ သန်းဖြင့်ခေါ်ယူခဲ့သော ပူလီဆစ် ချယ်လ်ဆီးသို့ရောက်လာ

Thursday, 23 May 2019 09:43 font size decrease font size decrease font size increase font size increase font size

လန်ဒန် ကစားသမား အပြောင်းအရွှေ့

ပြီးခဲ့သည့်   ဇန်နဝါရီ အပြောင်းအရွှေ ဈေးကွက် ကတည်းက  ချယ်လ်ဆီးအသင်း ပေါင် ၅၈  သန်းဖြင့် ခေါ်ယူရန်   သဘောတူညီမှုရခဲ့သော  အမေရိကန် တောင်ပံ တိုက်စစ်ကစားသမား ပူလီဆစ်သည် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လိုက်ပြီဖြစ်သည့် အတွက် ချယ်လ်ဆီး အသင်းသို့ မေ ၂၁ ရက်ကရောက်ရှိကာ ပရိသတ်နှင့် မိတ်ဆက်ပွဲ လုပ်ခဲ့သည်။

အသက် ၂ဝ သာရှိသေးသည့် ပူလီဆစ်ကို ချယ်လ်ဆီး အသင်းကြိုတင်ခေါ်ယူထားနိုင်သော်လည်း ဒေါ့မွန်အသင်းတွင် ရာသီကုန်အထိ ဆက်လက်ကစားခွင့်ပြုခဲ့ ခြင်းကြောင့် ယခုမှသာ ချယ်လ်ဆီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ချယ်လ်ဆီး ကစားသမားအဖြစ် ပထမဆုံး အင်တာဗျူး အစီအစဉ်တွင်  ပူလီဆစ်က ''ချယ်လ်ဆီးမှာ အရမ်း ကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ကန်တီနဲ့ တွဲကစားရတော့မှာဖြစ်လို့လည်း စိတ်လှုပ်ရှားရပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ ကန်တီကို ကျွန်တော် သဘောကျတယ်။ ခံစစ်ပိုင်းမှာ ဒေးဗစ်လုဇ်လို၊ ရူဒီဂါလို ကစားသမားတွေ ရှိနေလို့လည်း ရာသီသစ်ကို မစောင့် နိုင်တော့ဘူး''ဟုပြောသည်။      

Ref:BBC

Read 36 times Last modified on Thursday, 23 May 2019 09:45