SJ WorldNews - шаблон joomla Авто

မန်ယူ အသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ဒီဂီယာ ပယ်ချအသင်းတွင် မနေလိုသူကို ရောင်းထုတ်ပစ်ရန် သာရှိဟု ပရိသတ်များ တုံ့ပြန်

Thursday, 23 May 2019 09:45 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းမှ အဓိကဂိုးသမားဖြစ်သော ဒေးဗစ် ဒီဂီယာသည် အသင်းက စာချုပ်သက်တမ်းတိုးရန် နောက်ဆုံး ကမ်းလှမ်းမှုကို  လက်မခံဘဲ  ပယ်ချလိုက်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။ ဒီဂီယာသည် မန်ယူနှင့် စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်တော့သောကြောင့် အသင်းက လက်မလွှတ်လို၍ ၂ဝ၂ဝပြည့်နှစ်နောက်ပိုင်း အသင်း၌ ဆက်ရှိနေရန် အတွက် ကမ်းလှမ်းမှုကို ကစားသမားဘက်က ပယ်ချလိုက်သဖြင့် ဒီဂီယာသည် မန်ယူတွင် နောက်တစ်ရာသီ ပြီးဆုံးပါက ဆက်လက်ရှိနေနိုင်တော့မည်မဟုတ်ပေ။

ထိုအခြေအနေကြောင့် မန်ယူအသင်းသည် အခက် ကြုံရပြီဖြစ်ကာ ဒီဂီယာကို တစ်ရာသီဆက်ထားပြီး ပြောင်းရွှေ့ ကြေးမရဘဲ လက်လွှတ်ရမည့်အခြေအနေ ကြောင့် ယခုနွေရာသီတွင် ရောင်းထုတ်နိုင်မှသာ အကျိုး ခံစားခွင့်ရှိ မည်ဖြစ် သည်။ ဒီဂီယာသည် နောက်ဆုံးခုနစ် နှစ်တွင် ငါးနှစ်၌ တစ်နှစ်တာ အကောင်းဆုံးဂိုးသမား ဆုကို ရရှိခဲ့သူဖြစ်ပြီး ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ် ကြား မန်ယူကစားသမားများ မဲပေးသောအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိခဲ့သူဖြစ်ခြင်းကြောင့် မန်ယူဘက်မှ လက်မလွှတ်လိုသော်လည်း  ကစားသမား ကိုယ်တိုင်က  မန်ယူ၌ ဆက်နေလိုခြင်း မရှိသည့်အတွက် နည်းပြဆိုးလ်ရှားအနေဖြင့် ဒီဂီယာကို ရောင်းထုတ်ကာ အသင့်လျော်ဆုံး ဂိုးသမား သစ် ရှာဖွေရတော့မည်ဖြစ်သည်။

ဒီဂီယာသည်  ယခုရာသီတွင်   အမှားများစွာ ကျူးလွန်ကာ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲ၊ ချယ်လ်ဆီး နှင့် ပရီးမီးယား လိဂ်ပွဲများတွင်  ၄င်း၏အမှားကြောင့် ဂိုးများပေးရပြီး  ရှုံးပွဲကြုံခဲ့သည်။ ဒီဂီယာကို ပီအက်စ်ဂျီ အသင်းက ယခုနွေရာသီ ဈေးကွက်မှာပင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆ဝ ပေးပြီး ကစားသမားဘက်မှ တောင်းဆိုသော တစ်ပတ်လစာ ပေါင် သုံးသိန်း ခွဲကို လည်းပေးမည်ဟု ကမ်းလှမ်းထားရာ မန်ယူအနေဖြင့် ဒီဂီယာကို တစ်ရာသီ ဆက်ထားပြီး အလွတ်ပြောင်း ရွှေ့စေခြင်းထက် ပေါင်သန်း ၆ဝ ရယူပြီး ယခုနွေရာသီမှာပင် ရောင်းထုတ်ရန် တစ်လမ်းသာရှိတော့သည်။

ဒီဂီယာအနေဖြင့် အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်သည့် သတင်းကြောင့် မန်ယူပရိသတ်များ ပေါက်ကွဲပြီး လူမှုကွန် ရက်တွင် ဝေဖန်ရေးသားမှုများစွာလည်း ပေါ်ပေါက်လာသည်။ မန်ယူပရိသတ်တစ်ဦးက ''ဒီရာသီမှာတော့ ကျွန်တော်တို့ ဒီဂီယာအပေါ် အကြွေး တင်သလိုဖြစ်သွားတယ်။ ဒါပေမဲ့ ဆာအဲလက်စ်ဖာဂူဆန် ပြောသလိုပဲ  ဘယ်ကစားသမားမှ  အသင်းထက် ပိုကြီးမြတ် စရာမရှိဘူး။ ကျွန်တော်တို့ အသင်းမှာ အရန်ဂိုးသမားလည်း ရှိနေတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားလည်း ဖြစ်လာနိုင်တယ်''ဟု ရေးသားခဲ့သည်။

တခြားပရိသတ် တစ်ဦးကလည်း ''ဒီဂီယာငြင်းပယ် လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ အသင်း တစ်သင်းမှာ မနေချင်တဲ့ ကစားသမား တစ်ဦးကို ရောင်းထုတ်လိုက်တာ အကောင်းဆုံးဖြစ်ပြီး  သူ့နေရာမှာ အသင်း အနာဂတ်အတွက် အားထားရမယ့် ဂိုးသမား၊  အသင်းမှာနေချင်တဲ့ ဂိုးသမားကိုပဲ ထားရ မယ်''ဟု ရေးသား အကြံပြုခဲ့သည်။

တခြားပရိသတ်တစ်ဦးကလည်း    ''ဒီဂီယာက ပြီးခဲ့တဲ့ရာသီမှာ ဒုတိယရာသီဝက်အတွင်း အမှားတွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ အသင်းမှာ နှစ်ပေါင်းများစွာ သူပေးဆပ်ခဲ့တဲ့ အကောင်းဆုံးသော အရာတွေလည်းရှိတာကြောင့်  အသင်းက ထွက်ဖို့ ဆုံးဖြတ်တာကို လေးစားစွာ လက်ခံပါတယ်။ ကံကောင်းပါစေ'' ဟု ရေးသားခဲ့သည်။             

Ref:Dailymail

Read 38 times Last modified on Thursday, 23 May 2019 09:47