SJ WorldNews - шаблон joomla Авто

အာရှယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနှင့် ပွဲစဉ်များ ထွက်ပေါ်

Saturday, 25 May 2019 12:00 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၉ ခုနှစ် အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံး အဆင့်ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားကို အာရှဘောလုံးအဖွဲ့ချုပ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

အုပ်စုမဲခွဲမှုအရ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းပွဲစဉ်များအား IPE Chonburi Stadium၌ ကျင်းပမည်ဖြစ်ပြီး ပွဲချိန်များကို ထုတ်ပြန် ကြေညာထားခြင်းမရှိသေးပေ။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်းက မန္တလေးမြို့ မန္တလာ သီရိအားကစားကွင်း၌ ကျင်းပခဲ့သည့် ခြေစစ်ပွဲစဉ်များတွင် ဥဇဘက်ကစ္စတန် အသင်းကို ၁ ဂိုး-ဂိုးမရှိ၊ နီပေါအသင်းကို ၂ ဂိုး-၁ ဂိုးတို့ဖြင့် အနိုင်ရရှိပြီး သြစတြေးလျ အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အုပ်စုပွဲစဉ်သုံးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုများခွဲဝေမှုအရ အုပ်စု(က)တွင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစ တြေးလျ၊ ဗီယက်နမ်၊ အုပ်စု(ခ)တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအသင်း တို့ပါဝင်ကြောင်း သိရသည်။

Read 68 times Last modified on Saturday, 25 May 2019 12:09