SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မကွေးအသင်းမှ ခံစစ်မှူးကျော်စွာလင်းကို ရန်ကုန်ယူနိုက်တက်အသင်း အားဖြည့်ခေါ်ယူ

Sunday, 26 May 2019 14:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ရာသီဝက်အတွက် မကွေးအသင်းမှ မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံကစားသမား ကျော်စွာလင်းကို အားဖြည့်ခေါ်ယူထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ  မကွေးအသင်းနောက်ခံကစားသမား  ကျော်စွာလင်းသည် မနောမြေလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး ရခိုင်ယူနိုက်တက်နှင့်    မကွေးအသင်းတို့တွင် ကစားခဲ့သည်။ ထို့ပြင် ၎င်းသည် ပြီးခဲ့သည့် ၂ဝ၁၈ အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း၌   ရွေးချယ်ခံခဲ့ရဖူးသည်။ ကျော်စွာလင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့်  တစ်နှစ်ခွဲ  စာချုပ်ချုပ်ဆိုပြီး အောင်မြင်မှုနှင့် ဆုဖလားများ ရယူလိုသဖြင့်  ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်ကိုယ်တိုင်   အောင်မြင်မှုနဲ့ ဆုဖလား လိုချင်တယ်။ ကိုယ်တိုင်လည်း တိုးတက်ချင်တယ်။ အသင်းအတွက် ကိုယ်ဘယ်လောက် လုပ်နိုင်မလဲဆိုတာ  ပြချင်တဲ့အတွက် ရောက်လာတာပါ။ အသင်းအတွက် အကောင်းဆုံး ကြိုးစားပါမယ်''ဟု ကျော်စွာလင်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ကျော်စွာလင်း မတိုင်မီ အသက်၂၉ နှစ်အရွယ်ရှိ နိုက်ဂျီးရီးယား နောက်ခံ ကစားသမား အန်ဒါဆင်ကိုလည်း ခေါ်ယူခဲ့ပြီး ၎င်းသည် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရှိ ကစားသမား တစ်ဦးဖြစ်ကာ၂ဝ၁၅ ဘောလုံးရာသီတွင် ဧရာဝတီယူနိုက်တက်အသင်း၊ ၂ဝ၁၇ ဘောလုံးရာသီတွင် ရခိုင်ယူနိုက်တက် အသင်းနှင့် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဇွဲကပင်ယူနိုက်တက် အသင်း၌ ကစားခဲ့သည်။ အန်ဒါဆင်နှင့် ကျော်စွာလင်းသည် မေ၂၆ ရက်တွင်   မုံရွာမြို့၌ ယှဉ်ပြိုင်မည့် စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ပါဝင်ကစားဖွယ် ရှိကြောင်း သိရသည်။                 TZW

Read 33 times Last modified on Sunday, 26 May 2019 14:57