SJ WorldNews - шаблон joomla Авто

ဟာဇက် အပြောင်းအရွှေ့တွင် ဈေးကွာဟနေ

Sunday, 26 May 2019 14:58 font size decrease font size decrease font size increase font size increase font size

ချယ်လ်ဆီးအသင်းမှ အဓိကကွင်းလယ် တိုက်စစ်ကစားသမား အီဒင်ဟာဇက်သည်  ဇွန် ၄ ရက်တွင် ရီးယဲလ်သို့ အပြီးသတ် ပြောင်းရွှေ့နိုင်ရန်  တောင်းဆိုနေကြောင်း သိရသည်။ ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့သည့် ဟာဇက်သည် ယခုနွေရာသီ ဈေးကွက်တွင် ရီးယဲလ်သို့ ပြောင်းရွှေ့ရန် မျှော်လင့်နေပြီး ချယ်လ်ဆီးအတွက် နောက်ဆုံးပွဲ ကစားပေးခြင်းအဖြစ် မေ ၂၉ ရက်ညတွင် အာဆင်နယ်နှင့်  ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားအပြီး ရက်ပိုင်းအတွင်း ရီးယဲလ်သို့ အပြီးသတ် ပြောင်းရွှေ့ခွင့်ရရန်  အသင်းကို တောင်းဆိုထားကြောင်း သိရသည်။

သို့သော် ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ်အသင်းကြား ဟာဇက်နှင့်ပတ်သက်ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှုမှာ သဘောတူနိုင်ရန် ကွာဟချက်များစွာ ရှိနေပြီး ချယ်လ်ဆီးမှ ပေါင် ၁၁၂ သန်း တောင်းဆိုထားမှုကို ရီးယဲလ်ဘက်မှ  ပေါင် ၈၆ သန်းသာ ပေးလိုသည့်အတွက် ပေါင် ၂၆ သန်း ကွာဟနေခြင်းက အတားအဆီးတစ်ရပ် ဖြစ်နေသည်။ ဟာဇက်သည် ဇွန် ၈ ရက်တွင် ကာဇက်စတန်၊ ဇွန် ၁၁ ရက်တွင် စကော့တလန်အသင်းနှင့် ကစားရမည့် ဘယ်လ်ဂျီယံ အသင်းနှင့် ဇွန် ၄ ရက်တွင် သွားရောက် ပူးပေါင်းရမည် ဖြစ်၍ ဇွန် ၄ ရက်မတိုင်မီ အပြောင်းအရွှေ့ ပြီးပြတ်လိုခြင်း ဖြစ်သည်။                                       

Ref:Dailymail

Read 85 times Last modified on Sunday, 26 May 2019 14:58