SJ WorldNews - шаблон joomla Авто

အသင်းပြောင်းလိုသည်ဟုပြောသောစကား မမှန်ကန်ဟု ဒိုင်ဘာလာငြင်းဆို

Sunday, 26 May 2019 14:58 font size decrease font size decrease font size increase font size increase font size

စီရော်နယ်ဒို ရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်နှင့် အရေးပါမှု ပျောက်ဆုံးခဲ့သော   အာဂျင်တီးနား တိုက်စစ်မှူး  ဒိုင်ဘာလာက ၎င်း၏အေးဂျင့်လည်းဖြစ်၊ ညီအစ်ကို တော်စပ်သူလည်း ဖြစ်သော ဂူစတာဗိုဒိုင်ဘာလာက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိမိသည် ဂျူဗင်တပ်စ်မှ ထွက်ခွာရန် လိုအပ်နေပြီး အသင်းပြောင်းလိမ့်မည်ဟု   ပြောကြားခြင်းအတွက်   ထိုစကားမှာ မိမိဆန္ဒစကား မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ဒိုင်ဘာလာကို မန်ယူအသင်းက ခေါ်ယူရန် အလွန်နီးစပ်နေပြီ ဆိုသော သတင်းများလည်း ထွက်ပေါ်နေရာ ဒိုင်ဘာလာက ''ကျွန်တော့်အစ်ကိုက သူ့ဘာသာပြောခဲ့တဲ့ စကားပါ။ ကျွန်တော် ဂျူဗင်တပ်စ်အသင်းနဲ့    ပရိသတ်ကို ချစ်တယ်။ ဒါကြောင့်    နောက်ရာသီလည်း   ဒီအသင်းမှာ ဆက်ကစားချင်တယ် ဆိုတာကို အသင်းအားကစား ဒါရိုက်တာ   ပါရာတီစီလည်း သိထားပြီး ဖြစ်ပါတယ်။ ပြောလည်းပြောပြခဲ့ပြီးပြီ။ ကျွန်တော်ချစ်တဲ့အသင်းက ထွက်ခွာချင်တယ်လို့ ကျွန်တော်ကိုယ်တိုင်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရေးက ကျွန်တော့်အပေါ်   မူတည်နေတာ မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်အသင်းရယ်၊   နည်းပြသစ်ဖြစ်လာမယ့်သူရဲ့ သဘောထားရယ်ပေါ်မှာ  မူတည်ပါတယ်။ ကျွန်တော်ကတော့ ဒီအသင်းမှာ ဆက်ရှိချင်တယ် ဆိုတာကို ပြောထားရတာ ဖြစ်ပါတယ်''ဟု အသက် ၂၅ နှစ်အရွယ် ဒိုင်ဘာလာက ဖြေရှင်းပြောကြားသည်။                     

Ref:Goal

Read 92 times Last modified on Sunday, 26 May 2019 14:59