SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရာသီသိမ်း ပွဲစဉ်၌ ပီအက်စ်ဂျီရှုံးပြီး အမ်ဘပ်ပီ ဥရောပ ရွှေဖိနပ်ဆုတွင် မက်ဆီကို မမီနိုင်

Sunday, 26 May 2019 14:59 font size decrease font size decrease font size increase font size increase font size

ပြင်သစ်လီဂူးဝမ်း ရာသီသိမ်း ပွဲစဉ်အဖြစ် မေ ၂၄ ရက်ညက ယှဉ်ပြိုင်ကစားရာ ချန်ပီယံဖြစ်ပြီးသော ပီအက်စ်ဂျီ အသင်းသည် အသင်းငယ်လေး  ရိမ်းစ်ကို   ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး   ရာသီသိမ်း  မလှပခဲ့သလို  ဥရောပရွှေဖိနပ်ဆုကို မက်ဆီအား ကျော်ဖြတ်ကာ ရယူလိုခဲ့သော  ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘပ်ပီသည်လည်း တစ်ဂိုးသာ သွင်းနိုင်ခဲ့သည့်အတွက်  ရွှေဖိနပ်ဆု မျှော်လင့်ချက်  လက်လျှော့လိုက်ရသည်။

ထိုပွဲတွင် ရိမ်းစ်အတွက် ပထမပိုင်းမှာပင် အဖွင့်ဂိုးကို ဘာဘာရာဟမ်က သွင်းယူခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို မက်သီယူကာဖာရိုက သွင်းယူခဲ့သည်။ အမ်ဘပ်ပီက တစ်ဂိုးပြန် ချေပခဲ့သော်လည်း ရိမ်းစ်အသင်းဘက်မှ    လူစားဝင် ကစားသမား ချာဗာရီယာက တစ်ဂိုး ထပ်သွင်းခြင်းကြောင့် ပီအက်စ်ဂျီအသင်း  ဂိုးပြတ်ရှုံးပြီး    အမ်ဘပ်ပီသည်လည်း မက်ဆီ၏  ယခုရာသီ လာလီဂါသွင်းဂိုး ၃၆ ဂိုး သွင်းသည့်စံချိန်ကို လိုက်မီရန်    သုံးဂိုးအလိုဖြင့် ရွှေဖိနပ်ဆု မျှော်လင့်ချက် ကုန်ဆုံးခဲ့သည်။

အဆိုပါ နိုင်ပွဲကြောင့် ရိမ်းစ်အသင်းသည် ရမှတ် ၅၅ မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နိုင်ပြီး ပီအက်စ်ဂျီအသင်းမှာ ရမှတ် ၈၈ မှတ်ဖြင့် ရာသီသိမ်းခဲ့ရသည်။  

 Ref:Dailymai

Read 49 times Last modified on Sunday, 26 May 2019 15:00