SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒေးဗစ်ဘရွတ်ခ်နှင့် ကယ်လမ်ဝီလ်ဆင်ကို ပေါင်သန်း ၈ဝ သုံးပြီး စပါးခေါ်ယူလို

Sunday, 26 May 2019 15:00 font size decrease font size decrease font size increase font size increase font size

စပါးနည်းပြ ပိုချက်တီနိုသည် ရာသီသစ်တွင် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ရန် အသင်းမှ အပြောင်းအရွှေ့ အသုံးစရိတ် ထုတ်ပေးထားရာ ဘုန်းမောက်အသင်းတွင်  ခြေစွမ်းပြနေသည့်  ကွင်းလယ်ကစားသမား ဒေးဗစ်ဘရွတ်ခ်နှင့် အင်္ဂလန်လက်ရွေးစင် ကယ်လမ်ဝီလ်ဆင်တို့ နှစ်ဦးအတွက် ပေါင်သန်း ၈ဝ အထိ သုံးစွဲပြီးခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သော ကယ်လမ်ဝီလ်ဆင်သည် ဘုန်းမောက်အတွက် ငါးနှစ်အတွင်း ၁၄၈ ပွဲကစား ရာတွင် ၅၈ ဂိုးအထိ သွင်းပေးနိုင်သူဖြစ်ကာ အင်္ဂလန် လက်ရွေးစင်အဖြစ် နှစ်ပွဲကစားခွင့်ရထားပြီး အင်္ဂလန် အသင်းခေါင်းဆောင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက  အသင်းသို့ ခေါ်ယူရန် တိုက်တွန်းထားသူဖြစ်သည်။

ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒေးဗစ်ဘရွတ်ခ်သည်လည်း ကယ်လမ်ဝီလ်ဆင်နှင့် ကွင်းလယ်တွင် အတွဲအဖက်မိစွာ ကစားနိုင်သူဖြစ်သည့်အတွက် ပိုချက်တီနိုက နှစ်ဦးစလုံးကို စပါးကွင်းလယ်အတွက် ခေါ်ယူလိုခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းနေကြောင်း သိရသည်။                              

 Ref:Dailymail

Read 47 times Last modified on Sunday, 26 May 2019 15:00