SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

၁၄ နှစ်ကြာ ကစားခဲ့သော ရီးယဲလ်အသင်းကို ခံစစ်မှူးရာမို့စ် စွန့်ခွာဖွယ်ရှိနေ ရာမို့စ်ကို မန်ယူနှင့် ပီအက်စ်ဂျီ အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စား

Sunday, 26 May 2019 15:00 font size decrease font size decrease font size increase font size increase font size

၂ဝဝ၅ ခုနှစ်ကတည်းက ရီးယဲလ်အသင်းအတွက်  စတင်ကစားပေးသော အသင်းခေါင်းဆောင် ခံစစ်မှူး ရာမို့စ်သည် ရီးယဲလ်အသင်း တာဝန်ရှိသူများကို အံ့အားသင့်စေသည့် တောင်းဆိုမှု တစ်ရပ်အဖြစ် မိမိအနာဂတ်အတွက်  မရေရာပါက  အသင်းပြောင်း လိုသည်ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။

ရာမို့စ်သည် ၂ဝဝ၅ ခုနှစ်တွင် ဆီဗီလာမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာပြီး လက်ရှိ ရီးယဲလ်အသင်း ခေါင်းဆောင်အဖြစ် ပရိသတ်အကြိုက်ဆုံး ကစားသမား ဖြစ်နေသော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီက စိတ်ပျက်စရာများ၊ မကျေနပ်စရာများ ကြုံခဲ့ရခြင်းကြောင့်  ၁၄  နှစ်ကြာ ကစားခဲ့သော  ရီးယဲလ်အသင်းကို စွန့်ခွာရန် စဉ်းစားနေပြီဟု သတင်းများက ဖော်ပြထားသည်။

ရီးယဲလ်အသင်း အတွင်းရေးများကို ရေးသားဖော်ပြလေ့ရှိသည့် မာကာသတင်းစာနှင့်  ဘောလုံးရုပ်သံအစီအစဉ် တစ်ခုဖြစ်သော El Chiringuito တို့က ရာမို့စ် သည်  ရီးယဲလ်မှ ထွက်ခွာချင်နေပြီဟု  ဖော်ပြခြင်းဖြစ်သည်။ ရာမို့စ်သည် ရာသီနောက်ဆုံးပွဲစဉ် ခုနစ်ပွဲကို ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး  ဇွန်လတွင်  စပိန်လက်ရွေးစင် အသင်းကစားရမည့်  နိုင်ငံတကာပွဲ နှစ်ပွဲတွင် ပြန်လည်ကစားနိုင်မည်ဟု မျှော်လင့်ထားသည်။

ရာမို့စ်အတွက် ယခုရာသီတွင် မကျေမနပ်ဖြစ်ခဲ့မှုများအနက် မတ်လက အေဂျက်နှင့် ချန်ပီယံလိဂ် ပထမအကျော့ပွဲ၌   ရည်ရွယ်ချက်ရှိစွာ   အဝါကတ်ထိခံခဲ့ပြီး   ဒုတိယအကျော့လွဲချော်ရန် လုပ်ခဲ့စဉ်  ဒုတိယအကျော့တွင် အေဂျက်ကို မထင်မှတ်ဘဲ ၄ ဂိုး-၁ ဂိုးဖြင့်ရှုံးပြီး  ချန်ပီယံလိဂ်မှ  ထွက်ခဲ့ရသည့် ဖြစ်စဉ်တွင် ရီးယဲလ်ပရိသတ် တချို့သည် ရာမို့စ်ကြောင့်ဟု စွပ်စွဲ ကာ  တချို့ပရိသတ်များက ရာမို့စ်၏ ကစားသမားဘဝ ကိုယ်ရေးရာဇဝင်နှင့် ရာမို့စ်ထိုင်သော ခုံတန်း နေရာကို မှတ်တမ်းဗီဒီယိုရိုက်ကာ  ဝေဖန်သည့် အတွက်လည်း ရီးယဲလ်တွင် ဆက်မနေလိုတော့ခြင်း ဖြစ်သည်။ အေဂျက်ကို ရှုံးသောပွဲအပြီး အသင်းဥက္ကဋ္ဌ ပီရက်ဇ်က  ကစားသမား အားလုံးကို အဝတ်လဲခန်းထဲ အထိလာပြီး ကြိမ်းမောင်းခဲ့သည့် အတွက်လည်း ဒေါသထွက် ခဲ့ရကြောင်း သိရသည်။

ရာမို့စ်ကို  ဇီဒန်းက အသင်းတွင် ဆက်နေစေချင်သော်လည်း ရာမို့စ်သည် အသစ်ချုပ်ဆိုထားသောစာချုပ်အရ ၂ဝ၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်မည် ဖြစ်သော်လည်း ယခုအထိ အသင်းက မိမိအနာဂတ်အတွက် စာချုပ်သက်တမ်းတိုးရန်    မကမ်းလှမ်းသေးသည့်အတွက်  အနာဂတ်နှင့်ပတ်သက်ပြီး  သေချာစွာ သိလိုကြောင်းနှင့် မသေချာနိုင်ပါက  ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာပင်  အသင်းပြောင်းရန်  စဉ်းစားရမည်ဟု သတိပေးကြောင်း မာကာသတင်းစာက ဖော်ပြခဲ့သည်။

ရာမို့စ်ကို ၂ဝ၁၅ ခုနှစ်က မန်ယူအသင်းကခေါ်ယူရန်  ပေါင် ၂၈ ဒသမ ၃ သန်းဖြင့် ကမ်းလှမ်းစဉ် ရာမို့စ် ဘက်က ဆွေးနွေးလိုကြောင်း ပြောသော်လည်း ရီးယဲလ် အသင်းဘက်မှ  ငြင်းပယ်ခဲ့သဖြင့်  ယခုတစ်ကြိမ်တွင် ရာမို့စ်ကို မန်ယူအသင်းက ကမ်းလှမ်းကာ ခေါ်ယူလျှင် ရရှိနိုင်ကြောင်း သိရသည်။ ရာမို့စ်ကို ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။                         Ref:Marca

Read 60 times Last modified on Sunday, 26 May 2019 15:01