SJ WorldNews - шаблон joomla Авто

ယူ-၂၁ ဂိုးသွင်း အများဆုံး စာရင်းတွင် MFF Youth အသင်းမှ တိုက်စစ်မှူး အောင်ကိုဦး ဦးဆောင်

Friday, 12 July 2019 12:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

MPT Myanmar  National  League  (U-21) 2019 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၈)အပြီးတွင် ဂိုးသွင်းအများ ဆုံးကစားသမား အဖြစ်  MFF Youth အသင်းမှ တိုက်စစ်မှူးအောင်ကိုဦးက သွင်းဂိုး ၁၆ ဂိုးဖြင့် ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။

ပွဲစဉ်(၁၈)အပြီးတွင် သွင်းဂိုးအများဆုံး အဆင့် (၁) နေရာ၌ MFF Youth အသင်းမှ အောင်ကိုဦးက  သွင်းဂိုး   ၁၆  ဂိုးဖြင့်လည်း ကောင်း၊  ဒုတိယနေရာ၌   ဟံသာဝတီယူနိုက်တက်  ယူ-၂၁ အသင်းမှ သူရမိုးက သွင်းဂိုး ၁၀ ဂိုးဖြင့် လည်းကောင်း၊  တတိယနှင့်   တုတ္ထနေရာ၌  ရှမ်း ယူနိုက်တက် ယူ-၂၁ အသင်းမှ ရော်ဘင်တိုင်ဆန်နှင့်  မကွေး အသင်းမှ  ဝေယံထွန်းတို့က သွင်းဂိုး ကိုးဂိုးစီဖြင့် အသီးသီး ရပ်တည်နေကြသည်။

လက်ရှိတွင် MFF Youth အသင်းသည် ၁၈ ပွဲကစားထားပြီး ၁၅ ပွဲ နိုင်၊  တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၄၆ မှတ်ဖြင့်  အမှတ်ပေးဇယား အဆင့် (၁) နေရာ၌  ဦးဆောင်နေသည်။ MFF Youth အသင်းသည် ဇူလိုင် ၁၂ ရက်တွင်  တောင်ဒဂုံအားကစားကွင်း၌  စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။

TZW

Read 43 times Last modified on Friday, 12 July 2019 13:14