SJ WorldNews - шаблон joomla Авто

ခုနစ်ဦးမြောက်ကစားသမားသစ်အဖြစ် ဆာပွန်ဂျစ်ကို အက်သလက်ခေါ်ယူ

Sunday, 14 July 2019 09:08 font size decrease font size decrease font size increase font size increase font size

အက်သလက်တီကိုအသင်းသည် ဝါရင့်ကစားသမားများစွာ ထွက်ခွာသွားခြင်းကြောင့် အသင်းကိုပြန်လည်တည်ဆောက်ရာတွင် နောက်ဆုံးခေါ်ယူမှုအဖြစ် ဆားဘီးယား ယူ-၂၁ လက် ရွေးစင်တိုက်စစ်မှူး အီဗန်ဆာပွန်ဂျစ်ကို ဘင်ဖီကာအသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းဖြင့် သုံးနှစ်စာချုပ်ကာ ခေါ်ယူ လိုက်သည်။ အက်သလက်တီကိုအသင်းမှ အဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်း သည် မကြာမီရက်ပိုင်းအတွင်း ဘာစီလိုနာသို့ပြောင်းရွှေ့ရန် သေချာနေပြီဖြစ်ရာ နည်းပြဆီမြွန်နီသည် အနာဂတ် အတွက် အကောင်းဆုံးခေါ်ယူမှုအဖြစ် ဆာပွန်ဂျစ်ကို ခေါ်ယူခဲ့ခြင်းဖြစ် သည်။ ဆာပွန်ဂျစ်သည် ဘင်ဖီကာ (ခ)အသင်းမှ ကစားသမား ဖြစ်ကာ လက်ရှိတွင် လော့စ်အိန်ဂျလိစ်တွင် ရာသီကြိုခြေစမ်း ခရီးစဉ်ထွက်နေသော အက်သလက်တီကို အသင်းနှင့်အတူ သွား ရောက်ကစားနေပြီဖြစ်သည်။  ၎င်းသည် မိုရာတာ၊ ကာလီနစ်၊  ဒီယေဂိုကော်စတာတို့နောက် အရန်တိုက်စစ်မှူးအဖြစ် ကစားရဖွယ်ရှိကြောင်း သိရသည်။

Read 34 times Last modified on Sunday, 14 July 2019 09:09