SJ WorldNews - шаблон joomla Авто

ဆရီနာဝီလျံဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့(၁၁) ကြိမ်မြောက်တက်ရောက်

Sunday, 14 July 2019 09:09 font size decrease font size decrease font size increase font size increase font size

လန်ဒန်၌ ဇူလိုင် ၁၁ ရက်က ယှဉ်ပြိုင်ကစားသော ဝင်ဘယ်ဒန်အိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ ဆီမီးဖိုင်နယ်ပွဲတွင် အမေရိကန်တင်းနစ်မယ်  ဆရီနာဝီလျံသည် ချက်တင်းနစ်မယ် ဘာဘိုရာစတွိုင်ကိုဗာကို  ပွဲကစားချိန်  ၅၉ မိနစ်အတွင်း နှစ်ပွဲပြတ်အနိုင်ကစားပြီး ဝင်ဘယ်ဒန်အိုးပင်း ဗိုလ်လုပွဲသို့  တက်ရောက်နိုင်ခဲ့သည်။ အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဆရီနာသည် မနှစ်က ရင်သွေးမွေးဖွားခြင်းနှင့် ဒူးဒဏ်ရာရရှိခြင်းတို့ကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း ၁၂ ပွဲသာကစားခဲ့ပြီး ယခု ဝင်ဘယ်ဒန်အိုးပင်းဗိုလ်လုပွဲသို့ (၁၁) ကြိမ်မြောက်တက်လှမ်းနိုင်ခြင်းဖြစ်ရာ ဗိုလ်လုပွဲတွင် အသက် ၂၇ နှစ်ရှိ ရိုမေးနီးယား တင်းနစ်မယ် ဆိုင်မွန်နာဟာလပ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဝင်ဘယ်ဒန်အိုးပင်းသမိုင်းတွင် အသက်အကြီးဆုံး ဗိုလ်လုပွဲ တက်နိုင်သည့် တင်းနစ်မယ်ဖြစ်လာသော ဆရီနာက ''ကျွန်မ ဂရင်းဆလင်း ချန်ပီယံဆု စံချိန်တွေကို တွေးမိတာပါ။ တကယ်ဆိုရင် ကျွန်မစိတ်ဓာတ်က ဒီလိုစံချိန်တွေကိုမတွေးဘဲ ကွင်းထဲကိုယ်ကစားရမယ့်ပွဲမှာ အကောင်းဆုံးကစားနိုင်ဖို့ကိုပဲ အဓိကထားပါတယ်''ဟုပြောသည်။

Read 33 times Last modified on Sunday, 14 July 2019 09:09