SJ WorldNews - шаблон joomla Авто

အယ်လ်ဂျီးရီးယား ဆီမီးဖိုင်နယ်တက်ရောက်

Sunday, 14 July 2019 09:09 font size decrease font size decrease font size increase font size increase font size

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၁၂ ရက်က ယှဉ်ပြိုင်ကစားရာ အယ်လ်ဂျီးရီးယားအသင်းသည် နာမည် ကြီး အိုင်ဗရီကို့စ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုပွဲတွင် ပွဲစပြီး မိနစ် ၂ဝ ၌ ဝက်စ်ဟမ်းကစားသမားဟောင်း ဖီဂူလီက  အယ်လ်ဂျီးရီးယားအတွက် အဖွင့်ဂိုးသွင်းယူပြီး နှစ်ဂိုးပြတ်နိုင်မည့် အခွင့်အရေး ရခဲ့သော်လည်း ဘူနက်ဒ်ဂျာ၏ပယ်နယ်တီဂိုးမှာ တိုင်ထိသွားခြင်းကြောင့် အယ်လ်ဂျီးရီးယား နစ်နာခဲ့ရသည်။ ပွဲချိန် ၆၂ မိနစ်တွင် အိုင်ဗရီကို့စ်အတွက် ဗီလာကစားသမား ကော့ဒ်ဂျီယာက ချေပဂိုးသွင်းခဲ့သောကြောင့် ပွဲကစားချိန်အပြီး တစ်ဂိုးစီသရေကျ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ အယ်လ်ဂျီးရီးယားက ၄ ဂိုး-၃ ဂိုးဖြင့်အနိုင်ရခဲ့သည်။

Read 41 times Last modified on Sunday, 14 July 2019 09:09