SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ခရီးရှည် မြင်းစီးလက်ရည်စစ်ပြိုင်ပွဲ ကျင်းပ

Monday, 15 July 2019 09:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၄

ဇွန် ၂၃ ရက်တွင်  ကျရောက်ခဲ့သော (International Olympic Day) အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ခရီးရှည်မြင်းစီး လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မြင်းစီး အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ၂၆ ကီလိုမီတာ ခရီးရှည်မြင်းစီး လက်ရည်စစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် မြင်းအကောင်ရေ ၁၅ ကောင်၊ မြင်းစီး အားကစားသမား ၁၅ ဦးဖြင့် နေပြည်တော် မြင်းစီးအားကစားကွင်းမှ စတင်တာလွှတ်၍ နေပြည်တော် မြို့ပတ်လမ်းအတိုင်း  ယှဉ်ပြိုင်စီးနင်းကြကာ နေပြည်တော်မြင်းစီး အားကစားကွင်းသို့ ပန်းဝင်လာကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ  မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ ဦးပြုံးမောင်မောင်က ၂ နာရီ  ၉ မိနစ် ၃၂ စက္ကန့်ဖြင့် ပထမဆု ရရှိသော မျိုးမင်းခန့်(မားဗီးယက်) မိုးမြင်းစီးကလပ်အား လည်းကောင်း၊ ၂ နာရီ  ၉ မိနစ်  ၅ဝ စက္ကန့်ဖြင့် ဒုတိယဆု ရရှိသော သန်းနိုင်အောင်(တွန်တို)  မိုးမြင်းစီးကလပ်အား လည်းကောင်း၊ ၂ နာရီ ၉ မိနစ် ၅၅ စက္ကန့်ဖြင့် တတိယဆု ရရှိသော ဟန်ထွန်းအောင် (စိန်အိမ်စည်) မိုးမြင်းစီးကလပ်အား လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ၂၆ ကီလိုမီတာ ခရီးရှည် မြင်းစီးလက်ရည်စစ်ပြိုင်ပွဲ အောင်မြင်စွာ စီးနင်းနိုင်သူများကို လည်းကောင်း၊ မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးကျင်ဦး နှင့် ဒုတိယဥက္ကဋ္ဌ(၂) ဦးအေးချိုတို့က ၂၆ ကီလိုမီတာ ခရီးရှည်မြင်းစီး လက်ရည်စစ်ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော မြင်းများအား အမှတ်တရဆုအဖြစ် မြင်းပိုင်ရှင်များထံ  ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read 21 times Last modified on Monday, 15 July 2019 09:08