SJ WorldNews - шаблон joomla Авто

မြန်မာ ဘိလိယက်အဖွဲ့ ­­ဆီးဂိမ်းပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်

Tuesday, 08 August 2017 09:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    သြဂုတ်  

မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့သည်  (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ် လေ့ကျင့်ပြင် ဆင်မှုများ ပြုလုပ် လျက်ရှိပြီး ကစားသမား ၁၂ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာဘိလိယက်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှု ထပ်မံရယူနိုင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့် လျက်ရှိပြီး ဘိလိယက်၊ စနူကာနှင့်  ဏသသူ  ပြိုင်ပွဲ၌  ယှဉ်ပြိုင်မည်ဖြစ်ကာ  ဘိလိယက် အားကစားနည်း၌ လေးဦး၊  စနူကာ အားကစားနည်း၌ သုံးဦး၊  Pool အားကစား နည်း၌ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးဖြင့် ယှဉ်ပြိုင် မည်ဖြစ်သည်။

 မြန်မာဘိလိယက်အဖွဲ့တွင် ကစားသမားများအဖြစ် ဘိလိယက် အားကစားနည်း၌  အောင်ဌေး၊  မင်းစည်သူ ထွန်း၊ နေသွေးဦး၊ ချစ်ကို၊ စနူကာ အားကစားနည်း၌ ကိုထက်၊ အောင်ဖြိုး၊ ရဲဇော်ထွဋ်၊ ဏသသူ အားကစား နည်း၌ အမျိုးသား- မောင်မောင်၊ အောင်မိုးသူ၊ မိုင်းဟိန်းကျော်၊ အမျိုးသမီး- သန္တာမောင်၊ အေမိအောင်တို့ ပါဝင်ကြသည်။  မြန်မာ ဘိလိယက်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့်    ပြိုင်ပွဲအမျိုးအစား ခုနစ်မျိုးစလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းလိုက်ပြိုင်ပွဲ မပါဝင်သောကြောင့် တစ်ဦးချင်းနှင့် နှစ်ယောက် တွဲပြိုင်ပွဲ၌သာ  ယှဉ်ပြိုင်မည်ဖြစ်သည်။

 မြန်မာ ဘိလိယက်အဖွဲ့သည် ၂ဝ၁၅ ခုနှစ်က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူ နိုင်ခဲ့သည့် အောင်ဌေးနှင့် မင်းစည်သူထွန်း အတွဲသည် ယခုပြိုင်ပွဲတွင်လည်း နှစ်ယောက် တွဲပြိုင်ပွဲ၌ ထပ်မံ ယှဉ်ပြိုင်မည် ဖြစ်သည်။

Read 562 times Last modified on Tuesday, 08 August 2017 09:03