SJ WorldNews - шаблон joomla Авто

ဟံသာဝတီ အသင်း ရာသီသစ်ကစားသမား ခေါ်ယူမှုအတွက် နည်းပြချုပ် ဦးမျိုးမင်းထွန်းကို စိတ်ကြိုက် ခွင့်ပြုပေးထား

Tuesday, 20 August 2019 09:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ဟံသာဝတီယူနိုက်တက် အသင်းသည် လာမည့်ဘောလုံးရာသီတွင် နည်းပြချုပ် အဖြစ်တာဝန်ယူမည့်   ဦးမျိုးမင်းထွန်းကို ကစားသမားသစ် ခေါ်ယူမှုအတွက်  စိတ် ကြိုက်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ဟံသာဝတီ ယူနိုက်တက်အသင်းသည် ဦးမျိုးမင်းထွန်းကို     သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ထားပြီး  အသင်းအနေအထားကို လေ့လာ နိုင်ရန် ဇွန်လကတည်းက အသင်း နည်းပြ အဖွဲ့ဝင်အဖြစ်   တာဝန်ပေးထားသည်။

““ဦးမျိုးမင်းထွန်း အနေနဲ့ ကစားသမား တွေအကြောင်းကို သိနိုင်အောင် အခုရာသီကတည်းက နည်းပြ အဖွဲ့ဝင်အဖြစ် တာဝန် ပေးထားပါတယ်။ လာမယ့် ရာသီမှာ အသင်းကို စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးထားသလို ကစားသမားတွေကိုလည်း စိတ်ကြိုက်ခေါ် ယူခွင့်ပြုထားပါတယ်။   ပြည်တွင်းကစား သမားငါးဦး ခေါ်ယူဖို့စီစဉ်ထားပြီး နိုင်ငံ ခြားသား ကစားသမား တွေကိုလည်း  စိတ်ကြိုက်လဲလှယ်ခွင့် ပေးထားပါတယ်””ဟု ဟံသာဝတီယူနိုက်တက် အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက် အသင်းသည် နည်းပြချုပ်အဖြစ် ကာလရှည် ဆောင်ရွက်လာသည့် ဦးငွေထွန်းကို လူငယ်ဖွံ့ဖြိုး ရေး နည်းစနစ်ဒါရိုက်တာ အဖြစ်    ပြောင်းလဲတာဝန်ပေးမည်ဖြစ်ပြီး စင်ကာပူနိုင်ငံသား ဆီဗာဂျီကိုလည်း     နည်းစနစ် အကြံပေး အဖြစ် ထားရှိမည်ဖြစ်သည်။   

TZW

Read 48 times Last modified on Tuesday, 20 August 2019 09:36