SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု အသင်းက ရွှေ လေးခု၊ ငွေ လေးခုနှင့် ကြေး သုံးခု ဆွတ်ခူး

Friday, 23 August 2019 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၂

၂ဝ၁၉ ခုနှစ်  သြဂုတ်  ၈ ရက်မှ ၁၈ ရက်အထိ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူးမြို့၌ ကျင်းပသည့် ၂ဝ၁၉ ခုနှစ် (၁၈)ကြိမ်မြောက် ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏  အားကစားပြိုင်ပွဲ(World  Police  and Fire Game)သို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု အားကစားအသင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းထွန်း ဦးဆောင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အားကစားသမား ၁၅ ဦးဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၇၉ နိုင်ငံမှ  အားကစားသမား ၈ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည်။ ရွှေတံဆိပ် လေးခုကို ဒုတိယရဲအုပ် ရန်နိုင်စိုးက ဂျူဒိုပြိုင်ပွဲ ၁ဝဝ ကီလိုတန်းတွင် လည်းကောင်း၊ ရဲတပ်ကြပ်ဆွေလီမြင့် (အမျိုးသမီး)က အပြေးမီတာ ၁၅ဝဝ ပြိုင်ပွဲတွင် လည်းကောင်း၊ ရဲတပ်သားဇော်လင်းထက်က တိုက်ကွမ်ဒို ဖလိုင်းဝိတ်တန်းပြိုင်ပွဲတွင် လည်းကောင်း၊ ရဲတပ်သားကျော်မင်းနိုင်က တိုက်ကွမ်ဒို ကီလိုဝယ်သာတန်း ပြိုင်ပွဲတွင် လည်းကောင်း၊ ငွေတံဆိပ် လေးခုကို ရဲတပ်ကြပ်ဆွေလီမြင့်(အမျိုးသမီး)က အပြေးမီတာ ၈ဝဝ ပြိုင်ပွဲတွင် လည်းကောင်း၊ ဒုတိယရဲအုပ် အေးအေးသန်း(အမျိုးသမီး)က အပြေးမီတာ ၅ဝဝဝ ပြိုင်ပွဲနှင့် မီတာ ၁ဝဝဝဝ ပြိုင်ပွဲတို့တွင် လည်းကောင်း၊  ရဲတပ်သား ရဲထက်အောင်က ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် လည်းကောင်း အသီးသီး ဆွတ်ခူးရရှိကာ  ကြေးတံဆိပ် သုံးခုကို ဒုတိယရဲမှူးဝင်းနိုင်က ဂေါက်သီးရိုက်ပြိုင်ပွဲတွင် လည်းကောင်း၊  ရဲတပ်သား စောပြည့်စုံနေက မီတာ ၃ဝဝဝ အတားအဆီးကျော် အပြေးပြိုင်ပွဲတွင် လည်းကောင်း၊ ရဲတပ်သား စိုးရွှေဇင်ထွန်း (အမျိုးသမီး)က တိုက်ကွမ်ဒို ကီလိုဖလိုင်းဝိတ်တန်း ပြိုင်ပွဲတွင် လည်းကောင်း ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ပြီး အားကစား ကဏ္ဍတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။             

Read 49 times Last modified on Friday, 23 August 2019 08:59