SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲတွင်မြန်မာအသင်း အဝေးကွင်း၌ ရှုံးနိမ့်

Friday, 06 September 2019 11:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

၂ဝ၂၂ ကမ္ဘာ့ဖလားနှင့် ၂ဝ၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမနေ့အဖြစ် ယနေ့ညနေပိုင်းတွင် မွန်ဂိုလီးယား နိုင်ငံ၌ မြန်မာအသင်းနှင့် မွန်ဂိုလီးယား အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက မွန်ဂိုလီးယားအသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့် အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် မွန်ဂိုလီးယားအသင်းထက် ဂိုးသွင်းခွင့် ပိုရသော်လည်း အဆုံးသတ် အားနည်းခြင်း၊ ကစားသမားများ၏ တစ်ဦးချင်း စွမ်းဆောင်ရည် သာမန်အောက် ကျဆင်းနေခြင်း၊ အသင်းလိုက် ကစားပုံနှင့် နည်းပြ၏  နည်းဗျူဟာ လိုအပ်ချက်များကြောင့် အဝေးကွင်း၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 မြန်မာအသင်းသည် ကျော်ဇင်ထက်(ဂိုး)၊ ကျော်ဇင်လွင်၊ စိုးမိုးကျော်၊ ဇော်မင်းထွန်း၊ နန္ဒကျော်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ စည်သူအောင်၊ မောင်မောင်လွင်၊ ကျော်ကိုကို၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့ပြီး မွန်ဂိုလီးယား အသင်းသည်     ခံစစ်ကို စနစ်တကျ ပြင်ဆင်ပြီးမှ ယှဉ်ပြိုင် ကစားခဲ့ရသည်။

၁၆ မိနစ်တွင်  အောင်သူ အပိုင်ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့ပြီး ယင်းဂိုးမရသည့် မြန်မာအသင်းသည် တစ်မိနစ်အကြာတွင် ဂိုးပေးလိုက်ရပြီး  ဒူဂန်က  မွန်ဂိုလီးယား အသင်းအတွက်    အနိုင်ဂိုး သွင်းယူခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းသော်လည်း မွန်ဂိုလီးယားခံစစ်ကို  ကျော်နိုင်ခြင်းမရှိသလို လူစားဝင်ကစားသမားများဖြစ်သည့် သန်းပိုင်၊ ကြည်လင်းနှင့် ဆောင်လမန်တို့မှာလည်း ပွဲရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

၆၄မိနစ်တွင် မောင်မောင်လွင် ထုတ်ပယ်ခံရသောကြောင့် မြန်မာအသင်း ရုန်းကန်ခဲ့ရပြီး ချေပဂိုးမရဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁ဝ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်သည်။

Read 42 times Last modified on Friday, 06 September 2019 11:06