SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၇ အမျိုးသားဘောလုံး အုပ်စုပွဲစဉ်များ ဆက်လက် ကျင်းပ

Monday, 09 September 2019 10:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၇ အမျိုးသားဘောလုံးအုပ်စု ပွဲစဉ်များကို  ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကျင်းပသည်။

ယနေ့ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအမှတ်(၃)၌ ရခိုင်ပြည်နယ် အသင်းနှင့်  ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို ၆ ဂိုး၂ ဂိုးဖြင့် လည်းကောင်း၊  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအမှတ်(၁)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အမှတ်(၁)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။

အုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအမှတ်(၃)၌ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သိရသည်။

Read 17 times Last modified on Monday, 09 September 2019 10:53